အာဆီယံမှာ မြန်မာဟာ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှုနှုန်း အနည်းဆုံးလို့ NLD အစိုးရပြောပြီ

0
326

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ သွယ်ဝိုက်ခွန်ဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှုနှုန်း အနည်းဆုံး နိုင်ငံဖြစ်တယ်လို့ အစိုးရအဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်တွင်းအခွန်များဦးစီးဌာနက အာဆီယံနိုင်ငံတွေရဲ့ အခွန်ကောက်ခံမှု နှုန်းထားစာရင်းတွေနဲ့ တကွ အဲ့ဒီလို ထုတ်ပြန်လာတာပါ။

ဒီလိုထုတ်ပြန်တဲ့နေရာမှာတော့ ဖိလစ်ပိုင်နိုင်ငံက ၁၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက ၁၀ ရာခိုင်နှုန်း၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေက ၇ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံက ၆ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၅ ရာခိုင်နှုန်း အသီးသီးကောက်ခံနေတယ်လို့ ဖော်ပြထားတာပါ။  

ကမ္ဘာ့နိုင်ငံအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၊  တန်ဖိုးဖြည့်ခွန် (Value-Added Tax) ၊ ကုန်စည်နှင့် ၀န်ဆောင်မှုခွန် (Goods and Services Tax) စတဲ့ စနစ်တွေနဲ့ ကောက်ခံနေကြတာဖြစ်ပြီး ပျှမ်းမျှအခွန်နှုန်းထားဟာ ၁၅.၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)