နိုင်ငံတော် လုံခြုံရေး နားလည်မှုရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ဆို

0
294

နိုင်ငံတော်လုံခြုံရေးအတွက် ကဏ္ဍအသီးသီးက ပူးပေါင်းပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ (၉) ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ  Kempinski ဟိုတယ်မှာ ပြုလုပ်တဲ့ “ကာကွယ်ရေးကို ပိုမိုကျယ်ပြန့်သည့် လုံခြုံရေးအနေအထားအရစီမံခန့်ခွဲခြင်းသင်တန်း” က နည်းပြတွေနဲ့ သင်တန်းသားတွေရဲ့ ညစာစားပွဲ အခမ်းအနား အမှာစကားမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီသင်တန်းကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဘက်တွေက သင်တန်းသားတွေပါဝင် တက်ရောက်ခဲ့ပြီး သူတို့ အနေနဲ့ မတူညီသည့်စနစ်တွေ အကြားမှာ ဘယ်လိုပြေပြစ်အောင် ဆက်ဆံရမယ်ဆိုတဲ့ အကျိုးတွေကို ရရှိမယ်လို့ မျှော်လင့်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုဖွင့်လှစ်ခဲ့တဲ့ သင်တန်းကို aဖဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၀ ရက်အထိ ပြုလုပ်ခဲ့တာဖြစ် ဖြစ်ပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးတက္ကသိုလ်က နည်းပြတွေက လာရောက်ပို့ချပေးပေးခဲ့တာပါ။

အဲ့ဒီသင်တန်းကို တပ်မတော်က အရာရှိ ၂၂ ဦး၊ ရဲအရာရှိ ၂ ဦးနဲ့ နိုင်ငံ့ဝန်ထမ်းအရာရှိ ၆ ဦး စုစုပေါင်း ၃၀ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)