တရုတ်ကို သွားရောက်ခဲ့ဖူးတဲ့ ခရီးသွားတွေကို အိန္ဒိယ ပြည်ဝင်ခွင့် ပိတ်မယ်

0
165

Corona ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးတဲ့အနေနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ဘယ်ခရီးသွားကိုမဆို အိန္ဒိယနိုင်ငံထဲ ပြည်ဝင်ခွင့်ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ခရီးသွားတွေကို ဘယ် လေကြောင်း၊ ကုန်ကြောင်း၊ ရေကြောင်းတွေကနေမှ ဝင်ခွင့်ပေးမှာ မဟုတ်ဘဲ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာ၊ နီပေါ၊ ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေက ဝင်လာမယ့် ခရီးသွားတွေလည်း အကြုံးဝင်မှာ ဖြစ်ပါတယ်။


တရုတ်ကို သွားရောက်ခဲ့ဖူးတဲ့ ခရီးသွားတွေကို အိန္ဒိယ ပြည်ဝင်ခွင့် ပိတ်မယ်

Corona ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးတဲ့အနေနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ဘယ်ခရီးသွားကိုမဆို အိန္ဒိယနိုင်ငံထဲ ပြည်ဝင်ခွင့်ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ခရီးသွားတွေကို ဘယ် လေကြောင်း၊ ကုန်ကြောင်း၊ ရေကြောင်းတွေကနေမှ ဝင်ခွင့်ပေးမှာ မဟုတ်ဘဲ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာ၊ နီပေါ၊ ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေက ဝင်လာမယ့် ခရီးသွားတွေလည်း အကြုံးဝင်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နောက်ပိုင်း တရုတ်နိုင်ငံကို ခရီးသွားခဲ့ဖူးသူ ဘယ်နိုင်ငံခြားသားမဆို အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယ-နီပေါနယ်စပ်၊ အိန္ဒိယ-ဘူတန်နယ်စပ်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေကနေ ပေးဝင်မှာ မဟုတ်ကြောင်း၊ တရုတ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ၊ နိုင်ငံကူး လက်မှတ်မှာ တရုတ်နိုင်ငံဗီဇာ ကပ်ထားသူတွေ အကြုံးဝင်တယ်လို့ အိန္ဒိယ ပြည်သူ့လေကြောင်း ညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)