ဘင်္ဂါလီတွေ ပြန်ပို့ရေး ဆက်လက် အကူအညီပေးဖို့ ဥရောပ သမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

0
54

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ စဉ်ဆက်မပြတ် မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေးမှာ ဥရောပ သမဂ္ဂက ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂါလီ မွတ်စလင် အရေးမှာ အီတလီ အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒေးလီး စတား သတင်းစာက ဖော်ပြပါတယ်။


ဘင်္ဂါလီတွေ ပြန်ပို့ရေး ဆက်လက် အကူအညီပေးဖို့ ဥရောပ သမဂ္ဂကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ စဉ်ဆက်မပြတ် မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေးမှာ ဥရောပ သမဂ္ဂက ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂါလီ မွတ်စလင် အရေးမှာ အီတလီ အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒေးလီး စတား သတင်းစာက ဖော်ပြပါတယ်။ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ကြားဖြတ်အစီအမံ ချမှတ်မှုကို ကြိုဆိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အီတလီ ဝန်ကြီးချုပ်ကလည်း ဘင်္ဂါလီ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားတာကို အသိအမှတ်ပြုကြောင်း ပြောခဲ့ပါတယ်။