မြန်မာ့ ပယင်းကျောက်ထဲကနေ နှစ် ၉၉ သန်းကျော်က ငှက်ရုပ်ကြွင်း တွေ့ရှိ

0
87

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပယင်းကျောက်ထဲကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းကျော် ခရီတာစီးယပ်စ် ကာလက ရှေးကျတဲ့ အရွယ်အစားကြီး ငှက်ရုပ်ကြွင်းကို တရုတ်နိုင်ငံသား ရှေးဦးသမိုင်းမတင်မီခေတ် သက်ရှိလေ့လာရေး ပညာရှင်တစ်ဦး ခေါင်းဆောင်တဲ့ နိုင်ငံတကာ ပညာရှင်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီပယင်းကျောက်ကို ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းကနေ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဘေဂျင်းမြို့ရှိ တရုတ် ဘူမိသိပ္ပံတက္ကသိုလ်က ရှေးဦးသမိုင်းမတင်မီခေတ် သက်ရှိလေ့လာရေး ပညာရှင် ရှင်းလီဒါက ပြောကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ ဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို ဘေဂျင်းအခြေစိုက် ပယင်းစုဆောင်းသူတွေက ၂၀၁၂ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး ပညာရှင် ရှင်းဆီကို လွှဲပြောင်းပေးခဲ့တာပါ။


မှနမြာ့ ပယငြးကွောကထြဲကနေ နှဈ ၉၉ သနြးကွောကြ ငှကရြုပကြှှငြး တှေ့ရှိ

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပယင်းကျောက်ထဲကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းကျော် ခရီတာစီးယပ်စ် ကာလက ရှေးကျတဲ့ အရွယ်အစားကြီး ငှက်ရုပ်ကြွင်းကို တရုတ်နိုင်ငံသား ရှေးဦးသမိုင်းမတင်မီခေတ် သက်ရှိလေ့လာရေး ပညာရှင်တစ်ဦး ခေါင်းဆောင်တဲ့ နိုင်ငံတကာ ပညာရှင်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီပယင်းကျောက်ကို ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းကနေ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဘေဂျင်းမြို့ရှိ တရုတ် ဘူမိသိပ္ပံတက္ကသိုလ်က ရှေးဦးသမိုင်းမတင်မီခေတ် သက်ရှိလေ့လာရေး ပညာရှင် ရှင်းလီဒါက ပြောကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။ ဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို ဘေဂျင်းအခြေစိုက် ပယင်းစုဆောင်းသူတွေက ၂၀၁၂ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး ပညာရှင် ရှင်းဆီကို လွှဲပြောင်းပေးခဲ့တာပါ။

အခုတွေ့ရှိတဲ့ ငှက်မျိုးစိတ်ဟာ ၅ ဒသမ ၃ စင်တီမီတာရှည်ပြီး အလေးချိန် ၇၉ ဒသမ ၅ ဂရမ်ရှိပါတယ်။ ပယင်းကျောက်ထဲမှာ ငှက်ရဲ့ ညာဘက်တောင်ပံရိုး၊ အရေခွံနဲ့ ငှက်မွှေးတွေ ပါဝင်ပါတယ်။ အထူးခြားဆုံးက ငှက်မွေး အရွယ်အစားဖြစ်ပြီး အရှည်ဆုံး ငှက်မွေးတောင်ဟာ ၃၇ မီလီမီတာ ရှည်ပါတယ်။ ငှက်ရုပ်ကြွင်းရဲ့ အရိုးတည်ဆောက်ပုံကို အခြေခံပြီး ငှက်ရဲ့ သက်တမ်းကို ပညာရှင်အဖွဲ့က အမျိုးအစားခွဲခဲ့တာ ဖြစ်ပါတယ်။ အခုတွေ့ရှိရတဲ့ ငှက်ရုပ်ကြွင်းကြောင့် ဒေသတွင်းမှာ ရှေးဟောင်း ငှက်တွေရဲ့ အရွယ်အစားနဲ့ ပတ်သက်လို့ သိပ္ပံဆိုင်ရာ အသိသစ်တွေ ရရှိတယ်လို့ ပညာရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။