အနည္းဆုံးအခေၾကးေငြႏႈန္းထားသစ္ကုိ မတ္လေလးရက္ေန႔ေနာက္ဆုံး ထားၿပီးအတည္ျပဳျပဌာန္းေပးသြားမယ္(႐ုပ္/သံ)

0
1007

တစ္နုိင္ငံလုံးအတုိင္းအတာနဲ႔ အနည္းဆုံးအခေၾကးေငြႏႈန္းထားသစ္ကုိ မတ္လေလးရက္ေန႔ေနာက္ဆုံး ထားၿပီးအတည္ျပဳျပဌာန္းေပးသြားမွာျဖစ္ပါတယ္။ဒီသတင္းကုိ MCN သတင္းေထာက္ေကသြယ္ကေပးပို႔ထားပါ တယ္။

အနည္းဆုံးအခအေၾကးေငြႏႈန္းထား အတည္ျပဳျပဌာန္းေပးနုိင္ဖုိ႔အတြက္ အစုိးရကအနည္းဆုံး အခေၾကးေငြ အဆုိျပဳႏႈန္းထားကုိ ၄၀၀၀ ကေန ၄၈၀၀ ၾကားသတ္မွတ္ေပးခဲ့တာပါ။

အဲဒီလုိသတ္မွတ္ခဲ့တဲ့အဆုိျပဳႏႈန္းထားအေပၚအလုပ္ရွင္အလုပ္သမားကန္႔ကြက္လႊာေတြကိုအနည္းဆုံး အခေၾကးေငြသတ္မွတ္ေရးဆုိင္ရာစီစစ္ေရးေကာ္မတီက စက္မႈဇုန္ေတြကို ကြင္းဆင္းၿပီးစီစစ္ခဲ့တာပါ။

လက္ရွိမွာေတာ့စိစစ္ေရးေကာ္မတီအေနနဲ႔ကန္႔ကြက္လႊာေတြကုိစီစစ္ၿပီးျဖစ္လို႔အခုလ၁၆ရက္ေန႔မွာ သက္ဆုိင္ရာ အမ်ဳးိသား အဆင့္ေကာ္မတီကုိ တင္ျပသြားမွာျဖစ္ၿပီး လာမယ့္ မတ္လေလး ရက္ေန႔မတုိင္မီ အနည္းဆုံး အခေၾကးေငြႏႈန္းထားသစ္ကိုအတည္ျပဳျပဌာန္းေပးနုိင္ေတာ့မွာျဖစ္တယ္လို႔အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာေကာ္မတီ ဥကၠ႒ ဦးေဇာ္ေအးေမာင္ကေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔ကရန္ကုန္ၿမိဳ႕ ေရႊျပည္သာ ကေနာင္ခန္းမမွာ လုပ္ငန္းခြင္ ေဘးအႏၱရာယ္ ကင္းရွင္းေရးႏွင့္က်န္းမာေရးဆုိင္ရာအသိပညာျမွင့္တင္ေရးလႈပ္ရွားမႈပြဲအၿပီးမွာ အခုလုိေျပာဆုိခဲ့တာပါ။

Sound bite ဦးေဇာ္ေအးေမာင္ ( ရခုိင္တုိင္းရင္းသားေရးရာ၀န္ႀကီး) အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာေကာ္မတီ ဥကၠ႒

အနည္းဆုံးအခေၾကးေငြ အဆုိျပဳႏႈန္းထား ၄၀၀၀ ကေန ၄၈၀၀ က်ပ္အေပၚ ကန္႔ကြက္ေနတဲ့အလုပ္ရွင္ အလုပ္သမား ႏွစ္ေထာင့္ငါးရာေက်ာ္ရွိေနတာပါ။ အဲဒီလို အနည္းဆုံး အခေၾကးေငြအဆုိျပဳႏႈန္းထားထြက္ေပၚ လာၿပီးေနာက္ပုိင္း လႈိင္သာယာ စက္မႈေတြမွာရွိတဲ့ အလုပ္သမားေတြ အေနနဲ႔အလုပ္ရပ္ဆဲမႈေတြနဲ႔ရင္ဆုိင္ေန ရၿပီး သတ္မွတ္ျပဌာန္းထားၿပီးျဖစ္တဲ့ ၃၆၀၀ က်ပ္မေပးေသးတဲ့စက္ရုံ အလုပ္ရုံေတြ လည္းရွိေနေသးတာျဖစ္ပါ တယ္ ။

Sound bite ဦးေဇာ္ေအးေမာင္ ( ရခုိင္တုိင္းရင္းသားေရးရာ၀န္ႀကီး)အနည္းဆုံးအခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာေကာ္မတီ ဥကၠ႒

အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆုိင္ရာအမ်ဳိးသား ေကာ္မတီက အနိမ့္ဆုံးလုပ္ခလစာကုိ ႏွစ္ႏွစ္တစ္ႀကိမ္ျပန္လည္ျပင္ဆင္သတ္မွတ္ေပးဖို႔ျပဌာန္းခဲ့ေပမယ့္အခုခ်ိန္ထိျပင္ဆင္သတ္မွတ္ေပးနုိင္ျခင္းမရွိ ေသးတဲ့အေပၚ အလုပ္သမားေတြကေက်နပ္မႈမရွိၾကပါဘူးရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားသစ်ကို မတ်လလေးရက်နေ့နောက်ဆုံး ထားပြီးအတည်ပြုပြဌာန်းပေးသွားမှာဖြစ်ပါတယ်။ဒီသတင်းကို MCN သတင် းထောက်ကေသွယ်ကပေးပို့ထားပါ တယ်။

အနည်းဆုံးအခအကြေးငွေနှုန်းထား အတည်ပြုပြဌာန်းပေးနိုင်ဖို့အတွက် အစိုးရကအနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထားကို ၄၀ဝ၀ ကနေ ၄၈၀ဝ ကြားသတ်မှတ်ပေးခဲ့တာပါ။

အဲဒီလိုသတ်မှတ်ခဲ့တဲ့အဆိုပြုနှုန်းထားအပေါ်အလုပ်ရှင်အလုပ်သမားကန့်ကွက်လွှာတွေကိုအနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာစီစစ်ရေးကော်မတီက စက်မှုဇုန်တွေကို ကွင်းဆင်းပြီးစီစစ်ခဲ့တာပါ။

လက်ရှိမှာတော့စိစစ်ရေးကော်မတီအနေနဲ့ကန့်ကွက်လွှာတွေကိုစီစစ်ပြီးဖြစ်လို့အခုလ၁၆ရက်နေ့မှာ သက်ဆိုင်ရာ အမျုးိသား အဆင့်ကော်မတီကို တင်ပြသွားမှာဖြစ်ပြီး လာမယ့် မတ်လလေး ရက်နေ့မတိုင်မီ အနည်းဆုံး အခကြေးငွေနှုန်းထားသစ်ကိုအတည်ပြုပြဌာန်းပေးနိုင်တော့မှာဖြစ်တယ်လို့အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်အေးမောင်ကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကရန်ကုန်မြို့ ရွှေပြည်သာ ကနောင်ခန်းမမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာအသိပညာမြှင့်တင်ရေးလှုပ်ရှားမှုပွဲအပြီးမှာ အခုလိုပြောဆိုခဲ့တာပါ။

Sound bite ဦးဇော်အေးမောင် ( ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး)အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ၄၀ဝ၀ ကနေ ၄၈၀ဝ ကျပ်အပေါ် ကန့်ကွက်နေတဲ့အလုပ်ရှင် အလုပ်သမား နှစ်ထောင့်ငါးရာကျော်ရှိနေတာပါ။ အဲဒီလို အနည်းဆုံး အခကြေးငွေအဆိုပြုနှုန်းထားထွက်ပေါ် လာပြီးနောက်ပိုင်း လှိုင်သာယာ စက်မှုတွေမှာရှိတဲ့ အလုပ်သမားတွေ အနေနဲ့အလုပ်ရပ်ဆဲမှုတွေနဲ့ရင်ဆိုင်နေ ရပြီး သတ်မှတ်ပြဌာန်းထားပြီးဖြစ်တဲ့ ၃၆၀ဝ ကျပ်မပေးသေးတဲ့စက်ရုံ အလုပ်ရုံတွေ လည်းရှိနေသေးတာဖြစ်ပါ တယ် ။

Sound bite ဦးဇော်အေးမောင် ( ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး)အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်သတ်မှတ်ပေးဖို့ပြဌာန်းခဲ့ပေမယ့်အခုချိန်ထိပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်းမရှိ သေးတဲ့အပေါ် အလုပ်သမားတွေကကျေနပ်မှုမရှိကြပါဘူးရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)