ဖယ္ရီကားအလုံအေလာက္ မစီစဥ္ေပးတဲ႔အတြက္ Seduno အလုပ္သမားေတြ စုေပါင္းေတာင္းဆို(႐ုပ္/သံ)

0
1067

လႈိင္သာယာၿမိဳ႕နယ္၊ Seduno အထည္ခ်ဳပ္စက္ရုံမွာ ဖယ္ရီကားအလုံအေလာက္ မစီစဥ္ေပးတဲ႔အတြက္ အလုပ္သမားေတြ စုေပါင္းေတာင္းဆိုေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

လႈိင္သာယာၿမိဳ႕နယ္၊ Seduno အထည္ခ်ဳပ္စက္ရုံမွာ အလုပ္သမား ၆၀၀ ရာေက်ာ္ရွိေနၿပီး ၿပီးခဲ႔တဲ႔လက အလုပ္သမား ၁၃ ဦးကို ႀကိဳတင္အေၾကာင္းၾကားျခင္းမရွိဘဲ အလုပ္ကရပ္စဲလိုက္ပါတယ္။

ေဖေဖၚဝါရီလ ၃ ရက္ေန႔က အခ်ိန္ပို မဆင္းတဲ႔ အလုပ္သမား ၂၀၀ ေက်ာ္ကို စက္ရုံအေနနဲ႔ ဖယ္ရီကား အလုံေလာက္မစီစဥ္ေပးတဲ႔အျပင္ မန္ေနဂ်ာက အမ်ိဳးသမီးအလုပ္သမားအခ်ိဳ႕ကို ဖယ္ရီကားေပၚက ဆြဲခ်ခဲ႔တာ ေၾကာင့္ ေဖေဖၚဝါရီလ ၄ ရက္ေန႔က စၿပီး အလုပ္သမားေတြ စက္ရုံေရွ႕မွာ စုေပါင္းေတာင္းဆိုေနတာပါ။

Soundbite- မခင္ပပခိုင္ (ဥကၠဌ) Seduno အထည္ခ်ဳပ္စက္ရုံအလုပ္သမားသမဂၢ

စက္ရုံေရွ႕ စုေပါင္းေတာင္းဆိုေနတဲ႔ အလုပ္သမားေတြက လုပ္ငန္းခြင္တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ အလုပ္ရွင္၊ အလုပ္သမားၾကား ပဋိပကၡ မျဖစ္ေပၚေစဖို႔၊ ဒါ့အျပင္ေတာင္းဆိုမႈျပဳလုပ္ေနတဲ႔ အလုပ္သမား ၃၀၀ ေက်ာ္ကို အၿငိဳးထားၿပီး အလုပ္မွထုတ္ပယ္ျခင္းမျပဳဖို႔ စတဲ႔အခ်က္ေတြအပါအဝင္ အခ်က္ေပါင္း ၁၀ ခ်က္ကို ေတာင္းဆိုထား ပါတယ္။

အလုပ္သမားေတြ ေတာင္းဆိုထားတဲ႔ အခ်က္ေတြကို အလုပ္ရွင္နဲ႔ ညွိႏႈိင္းခဲ႔တာရွိခဲ႔ေပမယ့္ အဆင္မေျပမႈ ေတြရွိတာေၾကာင့္ ၿမိဳ႕နယ္ညွိႏႈိင္းဖ်န္ေျဖေရးကို တင္ျပထားတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

Soundbite– မခင္ပပခိုင္ (ဥကၠဌ) Seduno အထည္ခ်ဳပ္စက္ရုံအလုပ္သမားသမဂၢ

အခုလို အလုပ္သမားေတြ စက္ရုံေရွ႕စုေပါင္းေတာင္းဆိုေနတာနဲ႔ ပတ္သက္ၿပီး စက္ရုံလုံၿခဳံေရးကတဆင့္ တာဝန္ရွိသူေတြကို အေၾကာင္းၾကားဆက္သြယ္ခဲ႔ေပမယ့္ ျပန္လည္ေျဖၾကားျခင္းမရွိခဲ႔ပါဘူး ခင္ဗ်ာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာမြို့နယ်၊ Seduno အထည်ချုပ်စက်ရုံမှာ ဖယ်ရီကားအလုံအလောက် မစီစဉ်ပေးတဲ့အတွက် အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက်တင်မောင်ထွေးက ပေးပို့ထားပါတယ်။

လှိုင်သာယာမြို့နယ်၊ Seduno အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀ဝ ရာကျော်ရှိနေပြီး ပြီးခဲ့တဲ့လက အလုပ်သမား ၁၃ ဦးကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ကရပ်စဲလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က အချိန်ပို မဆင်းတဲ့ အလုပ်သမား ၂၀ဝ ကျော်ကို စက်ရုံအနေနဲ့ ဖယ်ရီကား အလုံလောက်မစီစဉ်ပေးတဲ့အပြင် မန်နေဂျာက အမျိုးသမီးအလုပ်သမားအချို့ကို ဖယ်ရီကားပေါ်က ဆွဲချခဲ့တာ ကြောင့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စပြီး အလုပ်သမားတွေ စက်ရုံရှေ့မှာ စုပေါင်းတောင်းဆိုနေတာပါ။

Soundbite- မခင်ပပခိုင် (ဥက္ကဌ) Seduno အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂ

စက်ရုံရှေ့ စုပေါင်းတောင်းဆိုနေတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုနဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခ မဖြစ်ပေါ်စေဖို့၊ ဒါ့အပြင်တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမား ၃၀ဝ ကျော်ကို အငြိုးထားပြီး အလုပ်မှထုတ်ပယ်ခြင်းမပြုဖို့ စတဲ့အချက်တွေအပါအဝင် အချက်ပေါင်း ၁၀ ချက်ကို တောင်းဆိုထား ပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကို အလုပ်ရှင်နဲ့ ညှိနှိုင်းခဲ့တာရှိခဲ့ပေမယ့် အဆင်မပြေမှု တွေရှိတာကြောင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးကို တင်ပြထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Soundbite– မခင်ပပခိုင် (ဥက္ကဌ) Seduno အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂ

အခုလို အလုပ်သမားတွေ စက်ရုံရှေ့စုပေါင်းတောင်းဆိုနေတာနဲ့ ပတ်သက်ပြီး စက်ရုံလုံခြုံရေးကတဆင့် တာဝန်ရှိသူတွေကို အကြောင်းကြားဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)