ကားတွေကို ပတ်ဝန်း ကျင်ညစ်ညမ်းမှုနဲ့ လုံခြုံမှုရှိမရှိ့ အခုလအတွင်းမှာ စတင်စစ်ဆေး(ရုပ်/သံ)

0
991



မိတ်ဆက်ခဲ့တာပါ ။





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းအတွင်း ကားတွေကို ပတ်ဝန်း ကျင်ညစ်ညမ်းမှုနဲ့ လုံခြုံမှုရှိမရှိ ့အခုလအတွင်းမှာ စတင်စစ်ဆေး သွားမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ MCNသတင်းထောက်အောင်သူက ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနရုံးမှာ နှစ်လဲသက်တမ်းတိုး လာရောက်ဆောင်ရွက်မယ့် ကားတွေကို ပတ်ဝန်း ကျင်ညစ်ငြမ်းမှုနဲ့ လုံခြုံမှုရှိမရှိ JICA နဲ့ပူးပေါင်း စစ်ဆေးသွားမှာဖြစ်ပါတယ် ။

ဇန်နဝါရီလ (၁၀)ရက်နေ့က ရန်ကုန်မြို့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဂျိုက်ကာရဲ့
အကူအညီနဲ့ ပြုလုပ်တဲ့ ဂျပန်နိုင်ငံက စက်ပစ္စည်းအသစ်တွေနဲ့ ကားတွေကိုစစ်ဆေးပေးမယ့် စက်တွေကို
မိတ်ဆက်ခဲ့တာပါ ။

Soundbite – ဦးသိန်းဟန်(အင်ဂျင်နီယာချုပ်)ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အဲ့ဒီစစ်တမ်းကောက်ယူမယ့် အစီအစဉ်ကိုဖေဖဝါရီလ (၁၃)ရက်နေ့မှာ စတင်ကောက်ယူသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံကပညာရှင်တွေနဲ့ မြန်မာနိုင်ငံကလေ့ကျင့်သင်ကြားပေးထားတဲ့ ယဉ်စစ်ဆေးရေးအင်ဂျင်နီယာတွေ ကစစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။

Soundbite – ဦးသိန်းဟန်(အင်ဂျင်နီယာချုပ်)ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ရန်ကုန်မြို့က ကားတွေကို ပတ်ဝန်း ကျင်ညစ်ငြမ်းမှုနဲ့ လုံခြုံမှုရှိမရှိ စစ်တမ်းကောက်ယူရာမှာ တစ်နေ့ကို ကားအစီးလေးဆယ်ခန့် နဲ့ ကားအစီးရေ (၇၀ဝ၀)လောက်ကို ကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလ (၈)လလောက်ထိကောက်ယူသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)