ေန႕ခင္းေၾကာင္ေတာင္ ေငြ နဲ႕ ေရႊထည္ပစၥည္း သိန္း ၁၈၀ ေက်ာ္ ေဖာက္ထြင္းခဲ့တဲ့ သူကို ဖမ္းမိ

0
994

ဗုိ္လ္တေထာင္ၿမိဳ႕နယ္၊ အမွတ္(၄) ရပ္ကြက္မွာ အိမ္ရွင္ေတြ မရွိတဲ့အခ်ိန္မွာ ေနအိမ္အတြင္းကို ေဖာက္ထြင္း ဝင္ေရာက္ၿပီး ေရႊထည္၊ လက္ဝတ္ရတနာပစၥည္းမ်ိဳးစုံ ၊ Tablet နဲ႕ ေငြသား စုစုေပါင္းတန္ဖုိး ၁၈၂ သိန္း ကို ျပစ္မႈက်ဴးလြန္သူ ေအးမင္းစုိး ကုိ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က (၇) ရက္အတြင္း ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဗုိလ္တေထာင္ၿမိဳ႕နယ္၊ အမွတ္ (၄) ရပ္ကြက္ မွာ ဇန္နဝါရီလ ၃၀ ရက္ေန႕ ေန႕လည္ ၃ နာရီအခ်ိန္ခန္႔က  ေဒၚ —- ဟာ  ဆံပင္ညွပ္ၿပီး ေနအိမ္သုိ႕ ျပန္လာစဥ္ မွာ ေနအိမ္တုိက္ခန္း သံဘာဂ်ာတံခါးမွာ  ပြင့္ေနၿပီး အတြင္း သစ္သားတံခါးမွာ အတြင္းကေန ဂ်က္ထုိးပိတ္ထားခဲ့တာေၾကာင့္ ပိတ္ထားတဲ့ သစ္သားတံခါးကုိ ခဲအုိ နဲ႕ အတူ ခ်ိဳးဖ်က္္ၿပီး ေနအိမ္အတြင္းကုိ ဝင္ေရာက္စစ္ေဆးခဲ့ရာ မွာ I Pad – SAMSUNG Galaxy Tab 5 ၁ လုံး၊ ေရႊထည္လက္ဝတ္ရတနာပစၥည္းမ်ိဳးစုံ (၁၇) မ်ိဳး၊ တန္ဖုိး ၁၇၉ သိန္း နဲ႕ ေငြက်ပ္ ၃ သိန္း၊ စုစုေပါင္း ၁၈၂ သိန္း ေဖာက္ထြင္းခိုးယူခဲ့တာျဖစ္ပါတယ္။

ဗုိလ္တေထာင္ၿမိဳ႕မရဲစခန္းက (ပ) ၄၅ / ၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ နဲ႕ အမႈဖြင့္စုံစမ္းေဆာင္ရြက္ခဲ့တာ ၇ ရကအတြင္းဖမ္းမိခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေ့ခင်းကြောင်တောင် ငွေ နဲ့ ရွှေထည်ပစ္စည်း သိန်း ၁၈၀ ကျော် ဖောက်ထွင်းခဲ့တဲ့ သူကို ဖမ်းမိ

ဗိ်ုလ်တထောင်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်မှာ အိမ်ရှင်တွေ မရှိတဲ့အချိန်မှာ နေအိမ်အတွင်းကို ဖောက်ထွင်း ဝင်ရောက်ပြီး ရွှေထည်၊ လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၊ Tablet နဲ့ ငွေသား စုစုပေါင်းတန်ဖိုး ၁၈၂ သိန်း ကို ပြစ်မှုကျူးလွန်သူ အေးမင်းစိုး ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်က ဒေါ် —- ဟာ ဆံပင်ညှပ်ပြီး နေအိမ်သို့ ပြန်လာစဉ် မှာ နေအိမ်တိုက်ခန်း သံဘာဂျာတံခါးမှာ ပွင့်နေပြီး အတွင်း သစ်သားတံခါးမှာ အတွင်းကနေ ဂျက်ထိုးပိတ်ထားခဲ့တာကြောင့် ပိတ်ထားတဲ့ သစ်သားတံခါးကို ခဲအို နဲ့ အတူ ချိုးဖျက်ပြီး နေအိမ်အတွင်းကို ဝင်ရောက်စစ်ဆေးခဲ့ရာ မှာ I Pad – SAMSUNG Galaxy Tab 5 ၁ လုံး၊ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၁၇) မျိုး၊ တန်ဖိုး ၁၇၉ သိန်း နဲ့ ငွေကျပ် ၃ သိန်း၊ စုစုပေါင်း ၁၈၂ သိန်း ဖောက်ထွင်းခိုးယူခဲ့တာဖြစ်ပါတယ်။

ဗိုလ်တထောင်မြို့မရဲစခန်းက (ပ) ၄၅ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့တာ ၇ ရက်အတွင်းဖမ်းမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)