တပ္မေတာ္သည္ပင္လွ်င္ ပညာတတ္ဖို႔ လိုေနတယ္လို႔ စာေရးဆရာ ညီမင္းညိဳ ေျပာ

0
1125

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ ေကာ့ပရံေက်းရြာမွာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ျပဳလုပ္တဲ့ ဗိုလ္ခ်ဳပ္ေမြးေန႔ အႀကိဳ စာေပေဟာပြဲမွာ စာေရးဆရာ ညီမင္းညိဳက တပ္မေတာ္သည္ပင္လွ်င္ ပညာတတ္ဖို႔ လိုေနတယ္လို႔   ေျပာဆိုခဲ့ပါတယ္။

“ကြ်န္ေတာ္ စာေပသမား တစ္ေယာက္က တိုင္းျပည္ရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကို ေလးေလးစားစား ေပးပို႔ခ်င္တဲ့ သတင္းတစ္ခုရွိပါတယ္။

တပ္မေတာ္သာအမိ၊ တပ္မေတာ္သာ အဖ မလုပ္ပါနဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးရယ္၊ ဘာျဖစ္လို႔လဲ၊ အဲဒီ တပ္မေတာ္ကိုယ္တိုင္ပင္လွ်င္ ပညာမလိုဘူးလား။ တစ္တိုင္းျပည္လုံး အေနနဲ႔ ပညာသာအမိ၊ ပညာသာအဖ ျဖစ္မွ ဒီတိုင္းျပည္၊ ဒီႏိုင္ငံဟာ တိုးတက္ပါလိမ့္မယ္။

ဒီစကားကို ရွင္းဖုိ႔ အေကာင္းဆုံး စကားကေတာ့ အဲဒီ တပ္မေတာ္ကိုယ္တိုင္ပင္လွ်င္ ပညာမလိုဘူးလား၊ သူမ်ားႏိုင္ငံက စက္ေသနတ္ကို အတြဲလိုက္ပစ္ေနတဲ့ အခ်ိန္မွာ ကြ်န္ေတာ္တို႔႔က တူမီးေသနတ္နဲ႔ တစ္ခ်က္ခ်င္းပစ္ေနမွာလား” ညီမင္းညိဳက ေဟာေျပာခဲ့ပါတယ္။

သူကဆက္လက္ၿပီး “အဲဒီေတာ့ ကြ်န္ေတာ္ေျပာတဲ့ စကားသည္ တကယ့္ကို စိတ္ေကာင္း ႏွလုံးေကာင္းနဲ႔ လူႀကီးလူေကာင္းဆန္တဲ့ နားမ်ိဳးနဲ႔ နားေထာင္မယ္၊ မ်က္စိမ်ိဳးနဲ႔ ၾကည့္မယ္၊ လူႀကီးလူေကာင္းဆန္တဲ့ ဦးေႏွာက္မ်ိဳးနဲ႔ ဆုံးျဖတ္မယ္ဆိုရင္ အဲဒီ တပ္မေတာ္သည္ပင္လွ်င္ ပညာတတ္ဖို႔ လိုေနပါတယ္။ တပ္မေတာ္သည္ပင္လွ်င္ ပညာသာအမိ၊ ပညာသာအဖကို ဦးထိပ္ပန္ဆင္ရပါလိမ့္မယ္” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်သည်ပင်လျှင် ပညာတတ်ဖို့ လိုနေတယ်လို့ စာရေးဆရာ ညီမင်းညို ပြော

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကော့ပရံကျေးရွာမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်တဲ့ ဗိုလ်ချုပ်မွေးနေ့ အကြို စာပေဟောပွဲမှာ စာရေးဆရာ ညီမင်းညိုက တပ်မတော်သည်ပင်လျှင် ပညာတတ်ဖို့ လိုနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် စာပေသမား တစ်ယောက်က တိုင်းပြည်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လေးလေးစားစား ပေးပို့ချင်တဲ့ သတင်းတစ်ခုရှိပါတယ်။

တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ မလုပ်ပါနဲ့ ဗိုလ်ချုပ်မှူးကြီးရယ်၊ ဘာဖြစ်လို့လဲ၊ အဲဒီ တပ်မတော်ကိုယ်တိုင်ပင်လျှင် ပညာမလိုဘူးလား။ တစ်တိုင်းပြည်လုံး အနေနဲ့ ပညာသာအမိ၊ ပညာသာအဖ ဖြစ်မှ ဒီတိုင်းပြည်၊ ဒီနိုင်ငံဟာ တိုးတက်ပါလိမ့်မယ်။

ဒီစကားကို ရှင်းဖို့ အကောင်းဆုံး စကားကတော့ အဲဒီ တပ်မတော်ကိုယ်တိုင်ပင်လျှင် ပညာမလိုဘူးလား၊ သူများနိုင်ငံက စက်သေနတ်ကို အတွဲလိုက်ပစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့က တူမီးသေနတ်နဲ့ တစ်ချက်ချင်းပစ်နေမှာလား” ညီမင်းညိုက ဟောပြောခဲ့ပါတယ်။

သူကဆက်လက်ပြီး “အဲဒီတော့ ကျွန်တော်ပြောတဲ့ စကားသည် တကယ့်ကို စိတ်ကောင်း နှလုံးကောင်းနဲ့ လူကြီးလူကောင်းဆန်တဲ့ နားမျိုးနဲ့ နားထောင်မယ်၊ မျက်စိမျိုးနဲ့ ကြည့်မယ်၊ လူကြီးလူကောင်းဆန်တဲ့ ဦးနှောက်မျိုးနဲ့ ဆုံးဖြတ်မယ်ဆိုရင် အဲဒီ တပ်မတော်သည်ပင်လျှင် ပညာတတ်ဖို့ လိုနေပါတယ်။ တပ်မတော်သည်ပင်လျှင် ပညာသာအမိ၊ ပညာသာအဖကို ဦးထိပ်ပန်ဆင်ရပါလိမ့်မယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)