ၾကည္လင္းတို႔ကို  အျမင့္ဆံုးအျဖစ္ ေသဒဏ္ေပးႏိုင္တဲ့ ပုဒ္မနဲ႔ စြဲခ်က္ တင္

0
1045

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို ေသနတ္နဲ႔ ပစ္သတ္တဲ့ ၾကည္လည္းနဲ႔ အေပါင္းအပါေတြကို အျမင့္ဆံုးအျပစ္ဒဏ္အျဖစ္ ေသဒဏ္အထိ ေပးႏိုင္တဲ့ ပုဒ္မ ၃၀၂ (၁) (ခ)/၃၄ နဲ႔ စြဲခ်က္ တင္လိုက္ပါတယ္။

(Photo – EPA\NYEIN CHAN NAING)

ၾကည္လင္း၊ ေအာင္ဝင္းေဇာ္နဲ႔ ေဇယ်ာၿဖိဳးတို႔ကို မေန႔က ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္တရား႐ံုးမွာ ႐ံုးထုတ္ၿပီး စြဲခ်က္တင္လိုက္တာ ျဖစ္ပါတယ္။ ေအာင္ဝင္းေဇာ္ကို ကားေမာင္းပို႔တဲ့ ေအာင္ဝင္းထြန္းကို အားေပးကူညီမႈ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၁၂ နဲ႔ စြဲခ်က္တင္လိုက္ပါတယ္။

ထြက္ေျပးလြတ္ေျမာက္ေနတဲ့ ေအာင္ဝင္းခိုင္ကိုလည္း ရာဇဝတ္က်င့္ထံုး ဥပေဒပုဒ္မ ၈၈ အရ တရားခံေျပးအျဖစ္ အမန္႔ခ်ၿပီး ေတြ႔တဲ့ေနရာမွာ ဖမ္းဆီးခြင့္ရွိေၾကာင္း အမိန္႔ခ်လိုက္ပါတယ္။ ‘ထမင္းဝေအာင္ စားထား’ စာသားပါ အက်ႌဝတ္ဆင္ၿပီး တရား႐ံုး ပရဝုဏ္ကို လာေရာက္သူ ၄ ဦးကိုလည္း ဖမ္းဝရမ္းထုတ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြည်လင်းတို့ကို အမြင့်ဆုံးအဖြစ် သေဒဏ်ပေးနိုင်တဲ့ ပုဒ်မနဲ့ စွဲချက် တင်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်တဲ့ ကြည်လည်းနဲ့ အပေါင်းအပါတွေကို အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ပေးနိုင်တဲ့ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ နဲ့ စွဲချက် တင်လိုက်ပါတယ်။

ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အောင်ဝင်းဇော်ကို ကားမောင်းပို့တဲ့ အောင်ဝင်းထွန်းကို အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်လိုက်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ် အမိန့်ချပြီး တွေ့တဲ့နေရာမှာ ဖမ်းဆီးခွင့်ရှိကြောင်း အမိန့်ချလိုက်ပါတယ်။ ‘ထမင်းဝအောင် စားထား’ စာသားပါ အင်္ကျီဝတ်ဆင်ပြီး တရားရုံး ပရဝုဏ်ကို လာရောက်သူ ၄ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)