ဘယ္လို အၾကမ္းဖက္မႈ ပံုစံမ်ိဳးကိုမွ သည္းခံမွာ မဟုတ္ဘူးလို႔ သံအမတ္ႀကီး ဦးလြင္ဦး ေျပာ

0
1000

ဘယ္လို အၾကမ္းဖက္မႈ ပံုစံမ်ိဳးကိုမွ သည္းခံမွာ မဟုတ္ဘူးလို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးလြင္ဦးက ေျပာပါတယ္။

ယဥ္ေက်းတဲ့ ကမာၻႀကီးကို အၾကမ္းဖက္ဝါဒနဲ႔ အစြန္းေရာက္ဝါဒက အဆိုးရြားဆံုး ၿခိမ္းေျခာက္ေနတယ္လို႔ သံအမတ္ႀကီး ဦးလြင္ဦးက ေျပာေၾကာင္း ဒါကာ ထရီျဗြန္း သတင္းစာက ေဖာ္ျပပါတယ္။

ရခိုင္ျပည္နယ္ ရြာတခ်ိဳ႕က လူေတြဟာ အၾကမ္းဖက္သမားေတြ လူသစ္စုေဆာင္းတာ ခံြရၿပီး စစ္ေသြးၾကြေတြနဲ႔ ပူးေပါင္းကာ လံုၿခံဳေရးတပ္ဖြဲ႔ကို တိုက္ခိုက္ခဲ့ေၾကာင္း၊ အစြန္းေရာက္ေတြေၾကာင့္ ရြာသားေတြ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့ရၿပီး ႏိုင္ငံတကာ အာ႐ံုစိုက္မႈကို ရခဲ့ေၾကာင္းလည္း ဦးလြင္ဦးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဟာလည္း အလားတူ အစြန္းေရာက္သမားေတြရဲ႕ အၾကမ္းဖက္ တိုက္ခိုက္မႈကို ရင္ဆိုင္ေနရေၾကာင္း၊ အၾကမ္းဖက္ဝါဒနဲ႔ အစြန္းေရာက္ဝါဒကို လံုးဝ သည္းမခံတဲ့ ဘဂၤလားေဒ့ရွ္ရဲ႕ မူဝါဒကို ႀကိဳဆိုေၾကာင္း ဦးလြင္ဦးက ေျပာတယ္လို႔ ဒါကာ ထရီျဗြန္း သတင္းစာက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးကိုမှ သည်းခံမှာ မဟုတ်ဘူးလို့ သံအမတ်ကြီး ဦးလွင်ဦး ပြော

ဘယ်လို အကြမ်းဖက်မှု ပုံစံမျိုးကိုမှ သည်းခံမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦးက ပြောပါတယ်။

ယဉ်ကျေးတဲ့ ကမ္ဘာကြီးကို အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒက အဆိုးရွားဆုံး ခြိမ်းခြောက်နေတယ်လို့ သံအမတ်ကြီး ဦးလွင်ဦးက ပြောကြောင်း ဒါကာ ထရီဗြွန်း သတင်းစာက ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် ရွာတချို့က လူတွေဟာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းတာ ခွံရပြီး စစ်သွေးကြွတွေနဲ့ ပူးပေါင်းကာ လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း၊ အစွန်းရောက်တွေကြောင့် ရွာသားတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး နိုင်ငံတကာ အာရုံစိုက်မှုကို ရခဲ့ကြောင်းလည်း ဦးလွင်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာလည်း အလားတူ အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ရင်ဆိုင်နေရကြောင်း၊ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို လုံးဝ သည်းမခံတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒကို ကြိုဆိုကြောင်း ဦးလွင်ဦးက ပြောတယ်လို့ ဒါကာ ထရီဗြွန်း သတင်းစာက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)