လူဖန္တီးတဲ့ အျဖစ္ဆိုးကို ေဒၚေအာင္ဆန္းစုၾကည္က ဦးစီးေနတယ္လို႔ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီး စြပ္စြဲ

0
1143

ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ ရွိေနတဲ့ ၿဗိတိသွ် ႏိုင္ငံျခားေရးဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္က ေဒၚေအာင္ဆန္းစုၾကည္ဟာ လူဖန္တီးတဲ့ အျဖစ္ဆိုးကို ဦးစီးလုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲ ေျပာဆိုလိုက္ပါတယ္။

ကြ်န္ေတာ္တို႔ေခတ္မွာ ထိတ္လန္႔စရာ အေကာင္းဆံုး လူသားဆိုင္ရာ ေဘးဆိုးႀကီးတစ္ခုကို လူေတြ (ဘဂၤါလီ မြတ္စလင္ေတြ) ခံစားေနရတယ္လို႔လည္း သူက ေျပာပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး ေဘာရစ္ ဂြ်န္ဆင္ဟာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဖို႔ရွိၿပီး ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကိုလည္း သြားေရာက္ ေလ့လာဖို႔ ရွိ္ပါတယ္္။

မစၥတာ ေဘာရစ္ ဂြ်န္ဆင္ဟာ ၿပီးခဲ့တဲ့ အေခါက္ ျမန္မာျပည္ ခရီးစဥ္အတြင္း ေရႊတိဂံုေစတီေတာ္ေပၚမွာ ကိုလိုနီစနစ္ကို အားေပးဖူးတဲ့ ကဗ်ာဆရာ ႐ုယတ္ ကစ္ပလင္းရဲ႕ ကဗ်ာကို ရြတ္ဆိုတဲ့အတြက္ ေဝဖန္မႈေတြ ခံခဲ့ရဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

လူဖန်တီးတဲ့ အဖြစ်ဆိုးကို ဒေါ်အောင်ဆန်းစုကြည်က ဦးစီးနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး စွပ်စွဲ

မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်ဟာ လူဖန်တီးတဲ့ အဖြစ်ဆိုးကို ဦးစီးလုပ်ဆောင်နေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ ထိတ်လန့်စရာ အကောင်းဆုံး လူသားဆိုင်ရာ ဘေးဆိုးကြီးတစ်ခုကို လူတွေ (ဘင်္ဂါလီ မွတ်စလင်တွေ) ခံစားနေရတယ်လို့လည်း သူက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုလည်း သွားရောက် လေ့လာဖို့ ရှိ်ပါတယ်။

မစ္စတာ ဘောရစ် ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည် ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်ပေါ်မှာ ကိုလိုနီစနစ်ကို အားပေးဖူးတဲ့ ကဗျာဆရာ ရုယတ် ကစ်ပလင်းရဲ့ ကဗျာကို ရွတ်ဆိုတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)