႐ိုက္တာ သတင္းက ေဖာ္ျပတဲ့ မြတ္စလင္ ၁၀ ဦး အသတ္ခံရမႈ စံုစမ္းစစ္ေဆးဖို႔ ကုလ ေျပာ

0
1025

ရခိုင္ျပည္နယ္မွာ မြတ္စလင္ ၁၀ ဦး အသတ္ခံရမႈ ႐ိုက္တာသတင္း ေဖာ္ျပခ်က္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ စံုစမ္းစစ္ေဆးဖို႔ ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

ေနာက္ဆံုး ထြက္ေပၚလာတဲ့ ႐ိုက္တာ သတင္းတင္ျပခ်က္ကို သတိျပဳမိေၾကာင္း၊ အေသးစိတ္ အခ်က္အလက္ေတြက သတိျပဳဖြယ္ျဖစ္ေၾကာင္းနဲ႔ ရခိုင္ပဋိပကၡနဲ႔ ပတ္သက္ၿပီး အာဏာပိုင္ေတြအေနနဲ႔ အေသးစိတ္ စံုစမ္းစစ္ေဆးမႈ အျပည့္အဝ လုပ္ဖို႔ လိုေၾကာင္း ကုလသမဂၢ ေျပာခြင့္ရသူ ဖာရာ ဟက္ခ္က ေျပာပါတယ္။

႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို လႊတ္ေပးဖို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေတာင္းဆိုထားေၾကာင္းလည္း သူက ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းက ဖော်ပြတဲ့ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ကုလ ပြော

ရခိုင်ပြည်နယ်မှာ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု ရိုက်တာသတင်း ဖော်ပြချက်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ ရိုက်တာ သတင်းတင်ပြချက်ကို သတိပြုမိကြောင်း၊ အသေးစိတ် အချက်အလက်တွေက သတိပြုဖွယ်ဖြစ်ကြောင်းနဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှု အပြည့်အဝ လုပ်ဖို့ လိုကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ ဖာရာ ဟက်ခ်က ပြောပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုထားကြောင်းလည်း သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)