သံတမန္နဲ႔ ကုလ အဖြဲ႔ေတြ ေမာင္ေတာကို သြားေရာက္ေလ့လာ

0
995

ႏိုင္ငံတကာသံံ႐ုံးက သံတမန္ေတြ၊ ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႔အစည္းေတြက ကိုယ္စားလွယ္ေတြဟာ ေဖေဖာ္ဝါရီ ၆ ရက္မွာ ရခိုင္ျပည္နယ္၊ ေမာင္ေတာကို သြားေရာက္ေလ့လာၾကပါတယ္။

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ႏုိင္ငံျခား သံတမန္မ်ားအဖြဲ႔ နာယက ဘ႐ူႏုိင္းႏုိင္ငံ သံအမတ္ႀကီးတို႔ ဦးေဆာင္တဲ့ အဖြဲ႔ဟာ ေနရပ္စြန္႔ခြာသူေတြကို ျပန္လည္ လက္ခံမယ့္ ေတာင္ၿပိဳလက္ဝဲနဲ႔ ငါးခူရ ယာယီလက္ခံေရးစခန္းတို႔ကို သြားေရာက္ ေလ့လာၾကာပါတယ္။

သြားေရာက္ေလ့လာတဲ့ အဖြဲ႔မွာ ဘ႐ူႏိုင္း သံအမတ္ႀကီး၊ ကေနဒါႏုိင္ငံ၊ အြန္ေတရီယို ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း မစၥတာ ေဘာ့ဘ္ ေရာဘတ္ ေရး၊ ကေနဒါ၊ ခ်က္၊ အီးယူ၊ တူရကီ၊ အင္ဒိုနီးရွား၊ ၾသစေၾတးလ်၊ ျပင္သစ္၊ ဂ်ပန္၊ နီေပါ၊ ဖိလစ္ပိုင္၊ အေရွ႕တီေမာ၊ ႐ုရွား၊ အေမရိကန္၊ ၿဗိတိန္၊ မေလးရွား၊ ေဆာ္ဒီအာေရဗ်၊ ကူဝိတ္နဲ႔ ေတာင္ကိုရီးယားတို႔က သံအမတ္၊ သံ႐ံုးယာယီတာဝန္ခံ၊ သံမႉးႀကီး၊ သံမႉးနဲ႔ အတြင္းဝန္ေတြ၊ UNHCR ၊ ကမာၻ႔ဘဏ္၊ FAO နဲ႔ WFP တို႔က ကိုယ္စားလွယ္ေတြ ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သံတမန်နဲ့ ကုလ အဖွဲ့တွေ မောင်တောကို သွားရောက်လေ့လာ

နိုင်ငံတကာသံရုံးက သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၆ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောကို သွားရောက်လေ့လာကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များအဖွဲ့ နာယက ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးတို့ ဦးဆောင်တဲ့ အဖွဲ့ဟာ နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံမယ့် တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ယာယီလက်ခံရေးစခန်းတို့ကို သွားရောက် လေ့လာကြာပါတယ်။

သွားရောက်လေ့လာတဲ့ အဖွဲ့မှာ ဘရူနိုင်း သံအမတ်ကြီး၊ ကနေဒါနိုင်ငံ၊ အွန်တေရီယို ပြည်နယ်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘော့ဘ် ရောဘတ် ရေး၊ ကနေဒါ၊ ချက်၊ အီးယူ၊ တူရကီ၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နဲ့ တောင်ကိုရီးယားတို့က သံအမတ်၊ သံရုံးယာယီတာဝန်ခံ၊ သံမှူးကြီး၊ သံမှူးနဲ့ အတွင်းဝန်တွေ၊ UNHCR ၊ ကမ္ဘာ့ဘဏ်၊ FAO နဲ့ WFP တို့က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)