ကျောက်ကြီးမြို့မှာ မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး ဆိုင်တစ်ဆိုင်ပျက်စီး

0
299

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ်တွေနဲ့ ဆိုင်ခန်းတွေ မီးလောင်ပြီး ကျပ် သိန်း ၆၀ ဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းတဲ့ နေရာဟာ ပဲခူးရပ်ကွက်၊ ကျောက်ကြီး-ပဲနွယ်ကုန်း ကားလမ်းဘေးက “ကျော်ကြား”အမည်ရ စက်သုံးဆီအရောင်းမှာ ဓာတ်ဆီလှယ်စက် အခန့်မသင့်ဘဲ တည်ငြိမ်သဘာဝလျှပ်စစ် ဖြစ်ပေါ်ပြီး လောင်ကျွမ်း ခဲ့တာပါ။

မီးလောင်မှုကြောင့် ဦးဝေယံအောင် (၃၅ နှစ်)ရဲ့ ပေ ၃၀ ပတ်လည် အုတ်ခံသွပ်မိုး ပျဉ်ကာတစ်ထပ်အိမ်တစ်လုံး၊ နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ ပေ၂၀ ပတ်လည် စက်သုံးဆီဆိုင်၊ ခြံချင်းကပ်လျက်မှာရှိတဲ့ ဒေါ်ညိုရဲ့ ပေ၃၀ ပတ်လည် အုတ်ခံ သွပ်မိုး ပျဉ်ကာတစ်ထပ်အိမ်တစ်လုံး စုစုပေါင်း နေအိမ်နှစ်လုံးနဲ့ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်တို့ ပျက်စီးခဲ့တာကြေင့် ဆုံးရှုံးမှုတန်ဖိုး သိန်း ၆၀ ရှိခဲ့တာြ ဖစ်ပါတယ်။

မီးလောင်တဲ့နေရာကို ကျောက်ကြီး၊ ဖြူး၊ ကျောက်တံခါး၊ ပဲနွှယ်ကုန်း မြို့တွေက မီးသတ်ယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်သုံးဆီကို ပေါ့ပေါ့ဆဆသုံးတဲ့ ဝေယံအောင်ကို ဥပဒေအရအရေးယူပေးဖို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစောနောင်က တိုင်တန်းခဲ့တာကြောင့် ကျောက်ကြီးမြို့မရဲဏခန်းက (ပ) ၁၂/၂၀၁၇ ပြစ်မှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)