မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ဖုန်းဆင်းကတ်သုံးစွဲမှုကို အရေးယူနေ

0
308

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံက တယ်လီဖုန်း ဆင်းကတ်တွေ သုံးစွဲနေမှုကို တည်ဆဲဆက်သွယ်ရေးအရ အရေးမယူနိုင်သေးပေမဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အဲဒီလို အရေးယူရာမှာ ၂၀၁၄ ခုနှစ်မှာ ၈၁ မှု၊ ၂၀၁၅ မှာ ၈၄ မှုနဲ့ ၂၀၁၆ မှာ ၂၂ မှု စုစုပေါင်း ၁၈၇ မှု ရှိခဲ့ပြီး တရားခံ ၁၈၇ ဦးကို ဖမ်းဆီးအရေးယူခဲ့တာလို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ရေဒီယိုလှိုင်းနှုန်းတွေရဲ့ သဘောသဘာဝအရ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေမှာ ဆက်သွယ်ရေးတာဝါတိုင်နဲ့ ကွန်ရက်တွေ အပြန်အလှန် ဖြန့်ကျက်မှုရှိပြီး သတ်မှတ်လှိုင်းနှုန်းထုတ်လွှင့်မှုထက် မကျော်ဖို့ နိုင်ငံအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပင်လယ်ပိုင်း မိုင် ၄၀၊ ကုန်းပိုင်း ၁၂၃ မိုင်၊ စုစုပေါင်း ၁၆၃ မိုင် ထိစပ်လျက်ရှိပြီး ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ မကြာခဏ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေမှာလည်း တစ်ဖက်နိုင်ငံက ဆင်းကတ်တွေ အသုံးပြုခဲ့တာတွေ ရှိတာကြောင့် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)