ရဲတပ်ဖွဲ့အတွက် အစားထိုး ဆောက်လုပ်မယ့် အဆောက်အဦး ၆၃၂ လုံးအတွက် ကျပ် ၁၀၀ ဘီလျံ လိုအပ်

0
280

နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေအတွက် စံသတ်မှတ်ထားတဲ့ အဆောက်အဦးပေါင်း ၆၃၂ လုံး ဆောက်လုပ်ပေးဖို့လိုအပ်နေပြီး အဲဒီအတွက် ကုန်ကျစရိတ် ကျပ် ၁၀၀ ဘီလျံကျော် လိုအပ်တယ်နေ ပါတယ်။

သနပ်ပင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ မေးမြန်းချက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက အဲဒီလို ဖြေကြားခဲ့တာပါ။

မြန်မာ တစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ပိုင် လူနေအဆောက်အဦး ၁၄၂၁၀၊ ရုံးရဲစခန်း အဆောက်အဦး ၁၉၅၇ လုံးနဲ့ အခြားအဆောက်အဦး ၂၆၉၄ လုံး၊ စုစုပေါင်း ၁၈၈၆၁ လုံးရှိတဲ့အထဲမှာ သက်တမ်းကြာမြင့်ပြီး လူလုံးဝမနေထိုင်သင့်တဲ့ အဆောက်အဦး ၁၅၉၈ လုံးနေရာမှာ အဆောက်အဦးသစ် ၆၃၂ လုံး ပြန်လည် ဆောက်လုပ်သွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အဲဒီလို လိုအပ်တဲ့ နေရာမှာ ပထမဦးစားပေးအဆင့် အဆောက်အဦး ၁၁၆ လုံး၊ ဒုတိယ ဦးစားပေးအဆင့် ၉၉ လုံးနဲ့ တတိယဦးစားပေးအဆင့် ၄၀၅ လုံး ခွဲခြားသတ်မှတ်ထားပြီး လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးကစပြီး သုံးနှစ်တိုင်အောင် တင်ပြတောင်းခံကာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)