မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံတကာ စံနှုန်းနဲ့အညီ ခန့်အပ်ထားနိုင်မှု ၆၁.၅ ရာခိုင်နှုန်းသာ ရှိ

0
304

လက်ရှိ ရဲတပ်ဖွဲ့ဝင်အင်အားအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့အညီ ခန့်အပ်ထားနိုင်မှုမှာ ၆၁.၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင်းဘွဲ့မဲဆန္ဒနယ်က ဦးခင်ချိုရဲ့ မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဲဒီလို ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်အင်အားဟာ လက်ရှိအချိန်မှာ နိုင်ငံတကာစံနှုန်းအရ ရှိရမယ့် ပမာဏထက် နည်းနေပြီး စံနှုန်းမီဖို့ ရဲတပ်ဖွဲ့အင်အား ၁၂၇၅၀၀ ဦး ခန့်အပ်ရှိရမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းကျော်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထိကောက်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားအရ ပြည်သူနဲ့ ရဲတပ်ဖွဲ့ဝင် အချိုးအစားဟာ ၁း ၆၅၀ ဖြစ်နေတဲ့အတွက် နိုင်ငံတကာ စံနှုန်းဖြစ်တဲ့ ၁း၄၀၀ ကို မီဖို့ လိုအပ်နေသေးတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရဲအင်အား ပြည့်မီအောင်ဖြည့်တင်းဖို့ အင်အားတိုးမြှင့်ရေး စီမံချက်တွေ ရေးဆွဲနေတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)