မောင်တောခရိုင်မှာ ညမထွက် ကန့်သတ်အချိန် ည ၉ နာရီကနေ နံနက် ၅ အထိ ပြင်ဆင်လျှော့ချ

0
310

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူငါးဦးနဲ့ ငါးဦးထက်ပိုပြီး အပြင်မထွက်ရ ကန့်သတ်ထားတဲ့ အချိန်ကို ည ၇ ကနေ နောက်နေ့ နံနက် ၆ နာရီအထိ သတ်မှတ်ထားရာကနေ ည ၉ နာရီကနေ နောက်နေ့ နံနက် ၅ နာရီအထိ ပြင်ဆင်လျှော့ချ ပေးလိုက်ပါတယ်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ် ၁၄၄၊ ပြစ်မှုဆိုင်ရာ အထွေထွေ အမှု အမှတ် (၁/၂၀၁၇)နဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြင်ဆင်ထုတ်ပြန်ခဲ့တာပါ။

မောင်တောခရိုင်မှာ ပြည်သူတွေသွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ငါးဦး(သို့မဟုတ်) ငါးဦးထက်ပိုတဲ့ လူတွေ စုဝေးတာ မလုပ်ဖို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မောင်တောဒေသမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ အကြမ်းဖက်သောင်းကျန်းသူတွေက မောင်တောခရိုင် နယ်ခြားစောင့်စခန်း ဌာနချုပ်နဲ့ ရဲကင်းစခန်း နှစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေက နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)