ဖားကန့်ကျောက်စိမ်းတွင်းမှာ ကျောက်တောင်ကမ်းပါးယုံ ပြိုကျလို့ တစ်နိုင်တစ်ပိုင် ကျောက်တူးသူ ကိုးဦးသေဆုံး

0
280

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျောက်တောင်ကမ်းပါးယံ ပြိုကျမှုကြောင့် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးသူ ကိုးဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူအုပ်စု နမ့်မှော်ကျေးရွာအနီး၊ မော်လကင်မှော်ရှိ မင်္ဂလာတော်ဝင်(အများအခေါ် ရတနာစန်းရွှင်) ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီခွဲက ကျောက်တောင်ကမ်းပါးယံ ပြိုကျခဲ့တာပါ။

သင်္ခါလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကတော့ မြေပိသူတွေကို ရှာဖွေရာမှာ သေဆုံးသူ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်မှာ ဆက်လက်ရှာဖွေရာမှာတော့ သုံးဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ နေ့လယ် ၁၂ နာရီမှာတော့ ရှာဖွေမှု ပြီးဆုံးခဲ့ပြီး နောက်ဆုံးရှာတွေ့ချက်အရ စုစုပေါင်း သေဆုံးသူ ကိုးဦးရှိတယ်လို့ ရှာဖွေသူတွေက ပြောကြားခဲ့ပါတယ်။

ဇော်မိုးထက် (ဖားကန့်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)