ဦးကိုနီမိသားစုကို ထိုင်းနိုင်ငံက အီရန်နိုင်ငံ သံအမတ်ကြီး ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

0
342

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အီရန်သံရုံးက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဒီသဝဏ်လွှာကို ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး မိုဆန်မိုဟာမာဒီက ဒီကနေ့မှာ ပေးပို့ခဲ့ပြီး အစ္စလာမ် ဘာသာရေးပညာရှင်တွေက ဦးကိုနီအိမ်ကို ပို့ဆောင်ပေးခဲ့တာပါ။

အဲဒီ သဝဏ်လွှာထဲမှာ ဦးကိုနီနဲ့ ဦးကိုရဲ့မိသားစု ခံစားခဲ့ရတဲ့ ဒုက္ခတွေအပေါ် ကိုယ်ချင်းစာပြီး အထူးဝမ်းနည်းကြေကွဲကြောင်းနဲ့ ဒီအခက်အခဲကို စိတ်ရှည်ရှည်ထားပြီး ကျော်လွှားနိုင်တဲ့ သတ္တရှိဖို့ ဆုတောင်းပေးတယ်လို့လည်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ ပြန်အလာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြည်လင်းဆိုသူရဲ့ ပစ္စတိုနဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)