ကလောမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား ဖမ်းဆီးရမိ

0
335

ကလောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား ဖမ်းဆီးရမိလိုက်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကကလောမြို့အထွက် သာစည် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ အခုလို ဖမ်းဆီးရမိလိုက်တာပါ။

အဲဒီဆေးပြားတွေကို ကျော်စိုးဝင်း မောင်းနှင်ပြီး ဘိုဘိုဇင် လိုက်ပါလာတဲ့ နမ့်စန်-တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ “စွမ်း Group”ခရီးသည်တင်မော်တော် ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်ရဲ့ ဝမ်းဗိုက်အတွင်းမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဆေးတွေ ကို“ကိုတက်တိုး၊ 09-454122259 ရန်ကုန်- အောင်မင်္ဂလာ ကားကွင်း၊ စွမ်းဂိတ်ချ လူမဲ့-ရှင်းပြီး”ဟု ရေးသားထားတဲ့ ဆာလာအိတ်အတွင်း လက်ဖက်ခြောက်တွေ ရောနှောထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား သိမ်းဆည်းရမိတာပါ။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေပါတဲ့ ဆာလာအိတ်ကို တင်ဆောင်ပေးသူ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေးရှိ ငွေစင်ကြယ်ကားဂိတ်မှ ဂိတ်မှူး ဉာဏ်မြင့် ကိုဖမ်းဆီးရမိပြီး ကျော်စိုးဝင်း(၄၅)နှစ်၊ ဘိုဘိုဇင်(၂၅)နှစ်၊ ဉာဏ်မြင့်(၄၇)နှစ်နဲ့ တက်တိုး
(ဖမ်းမမိသေး) တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားလိုက်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)