“ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း” အစီစဉ်တွေကို တိုက်ရိုက် Live လွှင့်မယ်

0
348

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ) နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားတွေ ပါဝင်တဲ့”ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း” “Panglong Peace Talk”အစီစဉ်တွေကို ၁၂-၂-၂၀၁၇ ရက်နေ့၊ နံနက် ၉ နာရီ ၂၀ မိနစ်မှစတင်ပြီး MRTV ရုပ်သံလိုင်း နဲ့ Myanmar State Counsellor Office Facebook Page တို့မှ တိုက်ရိုက် Live ထုတ်လွှင့်သွားမှာပါ။

အဲဒီအစီစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ တက်ရောက်စဉ် စာဖတ်ခဲ့တဲ့ ညောင်ပင်အောက် နေရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း Panglong Peace Talk ကို ကျင်းပမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ပင်လုံ)မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ (နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) တက်ရောက်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)