ဆေးရုံတွေမှာ SOP Guide Line တွေ ထားရှိပြီး အရေးပေါ်ကုသမှုတွေ စနစ်တကျ လုပ်ဆောင်ဖို့ ပြော

0
305

ဆေးရုံတွေမှာ SOP Guide Line တွေထားရှိပြီး အရေးပေါ်ကုသမှုတွေကို စနစ်တကျ မြန်မြန်ဆန်ဆန် လုပ်ဆောင်တတ်ဖို့ ဆောင်ရွက်ထားစေလိုတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြား လိုက်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၄ ရက် မနက် ၉ နာရီက ဆေးရုံအုပ်ချုပ်မှုအဖွဲ့မှ ပြုလုပ်တဲ့ ဆေးရုံစီမံခန့်ခွဲမှု သင်တန်း(စတုတ္ထအကြိမ်) အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် ဆေးရုံစီမံ ခန့်ခွဲမှုသင်တန်းတွေ ပေးရတာဟာ ဆေးရုံအုပ်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်သူတွေရဲ့ အသိပညာတွေကို တိုးပွားစေဖို့ လူအများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆက်သွယ်လုပ်ကိုင် တတ်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

နေ့စဉ်အချိန်နဲ့ တစ်ပြေးညီ ဆေးရုံကို လာရောက်ပြသသော လူနာတွေကို စောင့်ရှောက်နိုင်ဖို့အတွက် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းတွေကို စနစ်တကျ တာဝန်ချိန်တွေ ခွဲဝေချထားရတဲ့ စီမံခန့်ခွဲမှုတွေဟာ အလွန်အရေးကြီးတယ်လို့ ဝန်ကြီးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)