YBS ယာဉ်လိုင်းတွေအတွက် G to G စနစ်နဲ့ ဘတ်စ်ကားသစ်တွေ ၀ယ်ယူမယ်

0
320

ရန်ကုန်မြို့ YBS ယာဉ်လိုင်းတွေအတွက် အစိုးရချင်း ချိတ်ဆက်မှု G to G စနစ်နဲ့ ဘတ်စ်ကားသစ်တွေ ဝယ်ယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

အဲဒီလိုဝယ်ယူဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ငွေကျပ် ၆ဝ ဘီလျံ အသုံးပြုသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အစိုးရဘက်က လမ်းမဘေးမှာ ကားတွေရပ်ထားတာကို ပြင်နိုင်ဖို့ ဂိတ်ရင်းတွေ၊ ဂိတ်ဖျားတွေမှာ အဆင့်မြှင့်တင်နိုင်ဖို့အတွက် ငွေကျပ် ၁ဝ ဘီလျံ အသုံးပြုဖို့ လျာထားတာပါ။

ခရီးသည်တင်ယာဉ်တွေကို ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ကာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်မှု G to G စနစ်နဲ့ ဝယ်ယူနိုင်ဖို့စီစဉ်နေပြီး လက်ရှိ ယာဉ်လိုအပ်ချက် ဖြစ်နေတဲ့အပေါ် အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)