မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်

0
387

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံပြည်သူတွေ အကျိုးဖော်ဆောင်ရေး ဒုတိယအကြိမ် (၂+၂)အဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်ပြီး တက်ရောက် ခဲ့ကြကာ၊ တရုတ်နိုင်ငံဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Liu Zhenmin နဲ့ ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးချုပ်ရုံး ဒုတိယစစ်ဦးစီးချုပ် Major General Shao Yuanming တို့ ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။

အစ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်ဘက်မှ အပြုသဘောကူညီ ပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြန်လည် တည်ငြိမ်မှုရရှိရေး၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံပြည်သူတွေအကျိုး ဖော်ဆောင်ရေး အပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အလေးပေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)