ငမိုးရိပ္ေခ်ာင္းထဲ ထိုးက်တဲ့ ကားထဲပါသူ တစ္ဦးရဲ႕ အေလာင္း ရွာေတြ႕

0
343

ရန္ကုန္တိုင္း၊ ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း၊ (၃၃) ရပ္ကြက္၊ ငါးမာန္ေအာင္ ဘုရားလမ္းအနီးမွာ ဇန္နဝါရီလ ၇ ရက္ေန႔က စည္သူၿဖိဳး (၁၄ ႏွစ္) နဲ႔ ေအာင္ကိုမိုး (၂၅ ႏွစ္) လိုက္ပါလာတဲ့ ဟြန္ဒါဖစ္ကားဟာ ငမိုးရိပ္ေခ်ာင္းထဲ ထိုးက်ခဲ့ပါတယ္။

ေအာင္ကိုမိုးက ေရကူးၿပီး ကမ္းေပၚ ျပန္တက္လာႏိုင္ခဲ့ေပမယ့္ စည္သူၿဖိဳးက ေပ်ာက္ဆံုးေနပါတယ္။ ကားကို ဆယ္ယူခဲ့ၿပီးေနာက္ စည္သူၿဖိဳးကို ဆက္လက္ ရွာေဖြခဲ့ရာမွာ မေန႔က ဇန္နဝါရီလ ၉ ရက္ေန႔မွာ ငမိုးရိပ္ ကြန္ကရစ္ တံတားေအာက္မွာ စည္သူၿဖိဳးရဲ႕ အေလာင္းကို ေတြ႔ရွိခဲ့ပါတယ္။

အေလာင္းကို ေျမာက္ဥကၠလာပ ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ၿပီး ဒဂံုေျမာက္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။
……………… ။ ။ ………………

ငမိုးရိပ်ချောင်းထဲ ထိုးကျတဲ့ ကားထဲပါသူ တစ်ဦးရဲ့ အလောင်း ရှာတွေ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၃) ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်းအနီးမှာ ဇန်နဝါရီလ ၇ ရက်နေ့က စည်သူဖြိုး (၁၄ နှစ်) နဲ့ အောင်ကိုမိုး (၂၅ နှစ်) လိုက်ပါလာတဲ့ ဟွန်ဒါဖစ်ကားဟာ ငမိုးရိပ်ချောင်းထဲ ထိုးကျခဲ့ပါတယ်။

အောင်ကိုမိုးက ရေကူးပြီး ကမ်းပေါ် ပြန်တက်လာနိုင်ခဲ့ပေမယ့် စည်သူဖြိုးက ပျောက်ဆုံးနေပါတယ်။ ကားကို ဆယ်ယူခဲ့ပြီးနောက် စည်သူဖြိုးကို ဆက်လက် ရှာဖွေခဲ့ရာမှာ မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာ ငမိုးရိပ် ကွန်ကရစ် တံတားအောက်မှာ စည်သူဖြိုးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။
အလောင်းကို မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဂုံမြောက် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)