ျမန္မာဒုကၡသည္ေတြ မီဇိုရမ္ကေန ျပန္ဖို႔ ျငင္းဆန္ေန

0
391

ခ်င္းျပည္နယ္မွာ ၂၀၁၇ ႏိုဝင္ဘာလက တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ အိႏၵိယႏိုင္ငံ၊ မီဇိုဘက္ကို ထြက္ေျပးခိုလံႈေနတဲ့ ျမန္မာဒုကၡသည္ ၁၄၄၀ ဟာ ေနရပ္ျပန္ဖို႔ ျငင္းဆန္ေနတယ္လို႔ အိႏၵိယ မီဒီယာေတြက ေဖာ္ျပပါတယ္။

ခ်င္းျပည္နယ္ ရြာေတြက ျမန္မာ ဒုကၡသည္ ၁၆၀၀ ခန္႔ မီဇိုရမ္ျပည္နယ္၊ ေလာဂန္လိုင္မွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၅ ရက္ကတည္းက ခိုလံႈေနၾကတာ ျဖစ္ပါတယ္။
ဒုကၡသည္ တခ်ိဳ႕ ျပန္သြားၾကေပမယ့္ အမ်ိဳးသမီး ၇၇၃ ဦးနဲ႔ ကေလးငယ္ ၄၄၂ ဦး၊ စုစုေပါင္း ၁၄၄၀ ခန္႔က ေနရပ္ျပန္ဖို႔ ျငင္းဆန္ေနၾကတာ ျဖစ္ပါတယ္။

ဒုကၡသည္တခ်ိဳ႕ဟာ ေျမလြတ္ေတြမွာ အိမ္ေဆာက္ေနလို႔ အာဏာပိုင္ေတြက တားျမစ္ၿပီး ဒုကၡသည္ စခန္းကို ျပန္ပို႔ခဲ့ရပါတယ္။
………………… ။ ။ ………………….

မြန်မာဒုက္ခသည်တွေ မီဇိုရမ်ကနေ ပြန်ဖို့ ငြင်းဆန်နေ

ချင်းပြည်နယ်မှာ ၂၀၁၇ နိုဝင်ဘာလက တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၄၄၀ ဟာ နေရပ်ပြန်ဖို့ ငြင်းဆန်နေတယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။

ချင်းပြည်နယ် ရွာတွေက မြန်မာ ဒုက္ခသည် ၁၆၀ဝ ခန့် မီဇိုရမ်ပြည်နယ်၊ လောဂန်လိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကတည်းက ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒုက္ခသည် တချို့ ပြန်သွားကြပေမယ့် အမျိုးသမီး ၇၇၃ ဦးနဲ့ ကလေးငယ် ၄၄၂ ဦး၊ စုစုပေါင်း ၁၄၄၀ ခန့်က နေရပ်ပြန်ဖို့ ငြင်းဆန်နေကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်တချို့ဟာ မြေလွတ်တွေမှာ အိမ်ဆောက်နေလို့ အာဏာပိုင်တွေက တားမြစ်ပြီး ဒုက္ခသည် စခန်းကို ပြန်ပို့ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)