SSA (ဝမ္ဟိုင္း) အဖြဲ႕က ဆက္ေၾကးေကာက္သူေတြကို ဖမ္းဆီး

0
258

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕၊ သေျပဒိုးေက်းရြာမွာ SSA (ဝမ္ဟိုင္း) အဖြဲ႔ဝင္ေတြ နယ္ေျမေက်ာ္လြန္ ေရာက္ရွိေနတယ္လို႔ သတင္းရရွိတဲ့အတြက္ တပ္မေတာ္က သြားေရာက္ ရွာေဖြခဲ့ၾကပါတယ္။

ဒီေန႔ ဇန္နဝါရီ ၁၀ ရက္ေန႔ မနက္ ၃ နာရီခြဲမွာ SSA (ဝမ္ဟိုင္း) အဖြဲ႔ဝင္ေတြ ခိုေအာင္းေနတဲ့ ေနအိမ္ကို ဝင္ေရာက္ပိတ္ဆို႔ရွာေဖြရာမွာ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ျပန္လည္ ပစ္ခတ္ကာ ဝင္ေရာက္ ဖမ္းဆီးခဲ့ပါတယ္။

တပ္မေတာ္ဘက္က စစ္သည္တစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး SSA (ဝမ္ဟိုင္း) အဖြဲ႔က ၿမိဳ႕နယ္မႉးအဆင့္ရွိ စိုင္းမိုးေအာင္ အပါအဝင္ အဖြဲ႔ဝင္ ငါးဦး၊ လက္နက္ငယ္ ငါးလက္၊ က်ည္အိမ္ ေလးခု၊ က်ည္မ်ိဳးစံု ၇၈ ေတာင့္၊ လက္ကိုင္ဖုန္း ႏွစ္လံုး၊ တက္ဘလက္ တစ္လံုး၊ ဆက္ေၾကးေကာက္ရာမွာ သံုးတဲ့ စာရြက္စာတမ္းေတြနဲ႔အတူ ဖမ္းဆီးရမိပါတယ္။

ဖမ္းဆီးရမိသူေတြနဲ႔ လက္နက္ေတြကို ေနာင္ခ်ိဳ ၿမိဳ႕မရဲစခန္းကို အပ္ႏွံဖို႔ လုပ္ေဆာင္ေနပါတယ္။
………………… ။ ။ ………………….

SSA (ဝမ်ဟိုင်း) အဖွဲ့က ဆက်ကြေးကောက်သူတွေကို ဖမ်းဆီး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့၊ သပြေဒိုးကျေးရွာမှာ SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်တွေ နယ်မြေကျော်လွန် ရောက်ရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် တပ်မတော်က သွားရောက် ရှာဖွေခဲ့ကြပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၃ နာရီခွဲမှာ SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ နေအိမ်ကို ဝင်ရောက်ပိတ်ဆို့ရှာဖွေရာမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည် ပစ်ခတ်ကာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

တပ်မတော်ဘက်က စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး SSA (ဝမ်ဟိုင်း) အဖွဲ့က မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင် အပါအဝင် အဖွဲ့ဝင် ငါးဦး၊ လက်နက်ငယ် ငါးလက်၊ ကျည်အိမ် လေးခု၊ ကျည်မျိုးစုံ ၇၈ တောင့်၊ လက်ကိုင်ဖုန်း နှစ်လုံး၊ တက်ဘလက် တစ်လုံး၊ ဆက်ကြေးကောက်ရာမှာ သုံးတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့ လက်နက်တွေကို နောင်ချို မြို့မရဲစခန်းကို အပ်နှံဖို့ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)