ျမန္မာ အိမ္အကူကို ႏွိပ္စက္တဲ့ စင္ကာပူ လင္မယားကို အမႈဖြင့္စစ္ေဆးေန

0
338

ၾကမ္းခင္းတိုက္တဲ့ ေဆးရည္ကို ေရနဲ႔ ေရာေသာက္ခိုင္းတာ၊ ကိုယ္ကိုယ္ကို ေရေႏြးပူနဲ႔ ေလာင္းခိုင္တာတို႔နဲ႔ ျမန္မာအိမ္အကူကို ႏွိပ္စက္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ စင္ကာပူ လင္မယားကို အမႈဖြင့္စစ္ေဆးေနတယ္လို႔ တရား႐ံုးက ေျပာပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက လင္ဒါ ေဆး ေလစီ (၃၈ ႏွစ္) ဟာ ျမန္မာအိမ္အကူ အသက္ ၂၀ အရြယ္ မျဖဴျဖဴမာကို ဆံပင္ကေန ဆြဲၿပီး ဆံပင္ေတြ ကြ်တ္ထြက္တဲ့အထိ ခါယမ္းတာေတြ လုပ္ခဲ့လို႔ အမႈ ေျခာက္ခုနဲ႔ ရင္ဆိုင္ေနရပါတယ္။ ေဆး ေလစီဟာ မျဖဴျဖဴမာကို ၾကမ္းခင္းတိုက္တဲ့ ေဆးရည္ကို ေရနဲ႔ ေရာေသာက္ခိုင္းတာ၊ ကိုယ္ကိုယ္ကို ေရေႏြးပူနဲ႔ ေလာင္းခိုင္တာတို႔လည္း လုပ္ေဆာင္ခိုင္းခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။

ေဆး ေလစီရဲ႕ ေယာက်္ား လမ္တြန္လန္း (၄၃ ႏွစ္) ကလည္း ၂၀၁၆ ခုႏွစ္တုန္းက မျဖဴျဖဴမာကို ေခါင္းကေန ေဆာင့္တြန္းတာ ႏွစ္ႀကိမ္ လုပ္ခဲ့ပါတယ္။ အဲဒီလိုေတြ ႏွိပ္စက္ၿပီး ေနာက္ရက္မွာ စင္ကာပူရဲေတြက အဲဒီ အိမ္အကူ ရွိတဲ့ဆီကို ေရာက္လာတာ ျဖစ္ပါတယ္။

လမ္ ပိုင္ဆိုင္တဲ့ အလွျပင္ဆိုင္က ဝန္ထမ္းတစ္ေယာက္က ရဲကို အေၾကာင္းၾကားလိုက္တဲ့ အခုလို ႏွိပ္စက္မႈေတြ ေပၚေပါက္လာတာ ျဖစ္ပါတယ္။ မျဖဴျဖဴမာဟာ ဒီအမႈနဲ႔ ပတ္သက္ၿပီး လာမယ့္ ဧၿပီလမွာ တရား႐ံုးမွာ ထြက္ဆိုမွာ ျဖစ္ပါတယ္။ ျပစ္မႈထင္ရွားရင္ ေဆး ေလစီနဲ႔ လမ္ဟာ ေထာင္ဒဏ္ သံုးႏွစ္နဲ႔ အထက္ က်ခံရဖြယ္ရွိၿပီး အမႈတစ္ခုစီအတြက္ စင္ကာပူေဒၚလာ ၇၅၀၀ ေပးေဆာင္ရဖြယ္ ရွိပါတယ္။
…………………. ။ ။ ………………….

မြန်မာ အိမ်အကူကို နှိပ်စက်တဲ့ စင်ကာပူ လင်မယားကို အမှုဖွင့်စစ်ဆေးနေ

ကြမ်းခင်းတိုက်တဲ့ ဆေးရည်ကို ရေနဲ့ ရောသောက်ခိုင်းတာ၊ ကိုယ်ကိုယ်ကို ရေနွေးပူနဲ့ လောင်းခိုင်တာတို့နဲ့ မြန်မာအိမ်အကူကို နှိပ်စက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ စင်ကာပူ လင်မယားကို အမှုဖွင့်စစ်ဆေးနေတယ်လို့ တရားရုံးက ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းက လင်ဒါ ဆေး လေစီ (၃၈ နှစ်) ဟာ မြန်မာအိမ်အကူ အသက် ၂၀ အရွယ် မဖြူဖြူမာကို ဆံပင်ကနေ ဆွဲပြီး ဆံပင်တွေ ကျွတ်ထွက်တဲ့အထိ ခါယမ်းတာတွေ လုပ်ခဲ့လို့ အမှု ခြောက်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဆေး လေစီဟာ မဖြူဖြူမာကို ကြမ်းခင်းတိုက်တဲ့ ဆေးရည်ကို ရေနဲ့ ရောသောက်ခိုင်းတာ၊ ကိုယ်ကိုယ်ကို ရေနွေးပူနဲ့ လောင်းခိုင်တာတို့လည်း လုပ်ဆောင်ခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဆေး လေစီရဲ့ ယောကျာ်း လမ်တွန်လန်း (၄၃ နှစ်) ကလည်း ၂၀၁၆ ခုနှစ်တုန်းက မဖြူဖြူမာကို ခေါင်းကနေ ဆောင့်တွန်းတာ နှစ်ကြိမ် လုပ်ခဲ့ပါတယ်။ အဲဒီလိုတွေ နှိပ်စက်ပြီး နောက်ရက်မှာ စင်ကာပူရဲတွေက အဲဒီ အိမ်အကူ ရှိတဲ့ဆီကို ရောက်လာတာ ဖြစ်ပါတယ်။

လမ် ပိုင်ဆိုင်တဲ့ အလှပြင်ဆိုင်က ဝန်ထမ်းတစ်ယောက်က ရဲကို အကြောင်းကြားလိုက်တဲ့ အခုလို နှိပ်စက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ မဖြူဖြူမာဟာ ဒီအမှုနဲ့ ပတ်သက်ပြီး လာမယ့် ဧပြီလမှာ တရားရုံးမှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် ဆေး လေစီနဲ့ လမ်ဟာ ထောင်ဒဏ် သုံးနှစ်နဲ့ အထက် ကျခံရဖွယ်ရှိပြီး အမှုတစ်ခုစီအတွက် စင်ကာပူဒေါ်လာ ၇၅၀ဝ ပေးဆောင်ရဖွယ် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)