World Junior Golf Series ခ်န္ပီယံ ဟိန္းစည္သူ အာရွ ပထမဆံုးအျဖစ္ မွတ္တမ္းဝင္

0
2074

အေမရိကန္ႏိုင္ငံမွာ က်င္းပတဲ့ 2017 American Junior ၿပိဳင္ပြဲမွာ ပထမဆု ရရွိခဲ့တဲ့ ဟိန္းစည္သူဟာ အာရွတိုက္မွာ ပထမဆံုး ခ်န္ပီယံအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၈ ရက္ကေန ၃၀ ရက္အထိ က်င္းပတဲ့ ေဂါက္႐ိုက္ၿပိဳင္ပြဲမွာ ဟိန္းစည္သူက သံုးရက္ေပါင္း ႐ိုက္ခ်က္ ၂၁၆ ခ်က္နဲ႔ ပထမ ဆုဖလားကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို ပထမဆုရခဲ့တဲ့အတြက္ World Junior Golf Series မွာ အာရွတိုက္ကေန ပထမဆံုး ေအာင္ႏိုင္သူအျဖစ္ မွတ္တမ္းဝင္သြားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္သူေတြအနက္ ေကာင္းျမတ္ေက်ာ္က အဆင့္ ၂၉၊ ၿဖိဳးဇံက အဆင့္ ၃၁၊ မင္းသံလြင္ေအာင္က အဆင့္ ၃၂ နဲ႔ အမ်ိဳးသမီး ကစားသမား ဖူးပြင့္ရတီခိုင္က အဆင့္ ၉ တို႔ ရရွိပါတယ္။ World Junior Golf Series ေဂါက္႐ိုက္ၿပိဳင္ပြဲဟာ အေမရိကန္နဲ႔ ဥေရာပမွာ အလွည့္က် က်င္းပပါတယ္။ ဟိန္းစာ္သူနဲ႔ အဖြဲ႔ဟာ မေန႔က ဇန္နဝါရီ ၉ ရက္ေန႔မွာ အေမရိကန္ကေန ရန္ကုန္ကို ျပန္လည္ ေရာက္ရွိပါတယ္။
……………… ။ ။ ………………..

World Junior Golf Series ချန်ပီယံ ဟိန်းစည်သူ အာရှ ပထမဆုံးအဖြစ် မှတ်တမ်းဝင်

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ 2017 American Junior ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့တဲ့ ဟိန်းစည်သူဟာ အာရှတိုက်မှာ ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကျင်းပတဲ့ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဟိန်းစည်သူက သုံးရက်ပေါင်း ရိုက်ချက် ၂၁၆ ချက်နဲ့ ပထမ ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပထမဆုရခဲ့တဲ့အတွက် World Junior Golf Series မှာ အာရှတိုက်ကနေ ပထမဆုံး အောင်နိုင်သူအဖြစ် မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သူတွေအနက် ကောင်းမြတ်ကျော်က အဆင့် ၂၉၊ ဖြိုးဇံက အဆင့် ၃၁၊ မင်းသံလွင်အောင်က အဆင့် ၃၂ နဲ့ အမျိုးသမီး ကစားသမား ဖူးပွင့်ရတီခိုင်က အဆင့် ၉ တို့ ရရှိပါတယ်။

World Junior Golf Series ဂေါက်ရိုက်ပြိုင်ပွဲဟာ အမေရိကန်နဲ့ ဥရောပမှာ အလှည့်ကျ ကျင်းပပါတယ်။ ဟိန်းစာ်သူနဲ့ အဖွဲ့ဟာ မနေ့က ဇန်နဝါရီ ၉ ရက်နေ့မှာ အမေရိကန်ကနေ ရန်ကုန်ကို ပြန်လည် ရောက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)