ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ လူသတ်မှု ဖြစ်ပွား

0
566

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဇန်နဝါရီ ၉ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ညောင်လေးပင်မြို့၊ စမ်းကလေးကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာမှာ နေ့လယ် ၁ နာရီက ရွာသား ဦးသောင်းစိန်(ခ) ဦးဂျပန် (၇၀ နှစ်)ဆိုသူ အသတ်ခံခဲ့ရတာပါ။

crime2

ပြစ်မှုကျူးလွန်သူဟာ မြင့်အေး(ခ) ကြက်ကန်းလို့အမည်ရသူတဲ့ ကျဘမ်းနေထိုင်သူတစ်ဦးဖြစ်ပြီး လူသတ်မှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရဖူးသူဖြစ်ပါတယ်။

crime3

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ၂ နာရီအကြာမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တာဖြစ်ပြီး မြင့်အေးဟာ အရက်သေစာ သောက်စားထားပြီး ဦးသောင်းစိန်နဲ့ တွေ့ဆုံစဉ်မှာ စကားများရန်ဖြစ်ခဲ့တာကြောင့် ဒေါသအလျောက် အနားမှာရှိတဲ့ ဝါးတုတ်နဲ့ရိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

crime1

ဦးသောင်းစိန်ရဲ့ သားဖြစ်သူ ဦးဇော်လင်းက ညောင်လေးပင်မြို့မရဲစခန်းမှာ (ပ)၁၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပြီး ရဲတပ်ဖွဲ့က ဆက်လက်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)