မစ္စရန်ဟီလီနဲ့အဖွဲ့ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ

0
224

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့်အဖွဲ့ မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

15969892_1050711245055889_776180283_n

မစ္စရန်ဟီလီနဲ့ အဖွဲ့ဟာ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် မစ္စရန်ဟီလီနဲ့ အဖွဲ့ဟာ ညနေ ၄ နာရီကျော်မှာ ဟိုတယ်မဒီရာမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မစ္စရန်ဟီလီနဲ့အဖွဲ့ဟာ မြစ်ကြီးနားခရီးစဉ်အတွင်း မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် IDP စခန်းတွေကို သွားရောက်မှာ
ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)