ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရ

0
233

ပြန်ကြားရေးဝန်ကြီးဌာနရဲ့Webportal ဖြစ်တဲ့ www.moi.gov.mm ကို DDoSAttack ပြုလုပ်ခံလိုက်ရပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ည ၉ နာရီက
DDoS attack နဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

15978920_1294342310614369_177197912_n

ဇန်နဝါရီလ၈ ရက်နေ့ နံနက် (၄း၀၀) နာရီအချိန်မှာတော့ Webportal ကို ကြည့်ရှုလို့မရတော့တာကြောင့် Webportal ကို ပြန်လည် လွှင့်တင်ဖို့ဟံသာဝတီ DataCenterမှ နည်းလမ်းအဆင့်ဆင့်နဲ့ ပြင်ဆင်ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်ပ အခြေပြု IP နံပါတ် များနဲ့ အများဆုံး တိုက်ခိုက်တာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

MPT Gateway အတွင်းကို ဝင်ရောက်လာတဲ့ အန္တရာယ်ရှိတဲ့ IP တွေကို ပိတ်ခဲ့ပြီး ဇန်နဝါရီ ၉- ရက်နေ့ ည ၇ နာရီ ၃၆ မိနစ် အချိန်မှာ ပြည်တွင်းမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Webportal ဖြစ်တဲ့ www.moi.gov.mm ကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ပေမယ့် ပြည်ပနိုင်ငံတွေနဲ့ Mobile ဖုန်းတွေက ကြည့်ရှုဖို့ မရသေးကြောင်းနဲ့ ပြည်တွင်းပြည်ပနဲ့ Mobile ဖုန်းတွေမှ www.moi.gov.mm ကို ပြန်လည် ကြည့်ရှုရရှိနိုင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပူးပေါင်း ဆောင်ရွက်လျက် ရှိပါနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)