စီမံကိန်းရေးဆွဲရာမှာ တိကျမှုရှိပြီး ပြုလွယ်ပြောင်းလွယ်နိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
259

ကမ္ဘာ့စီးပွားရေး၊ မြန်မာ့စီးပွားရေးဟာ တစ်ရက်နဲ့ တစ်ရက်မမျော်မှန်းနိုင်လောက်အောင် ပြောင်းလဲ တတ်ပြီး အဲဒီပြောင်းလဲမှုတွေနဲ့လိုက်လျောညီထွေစွာ ကိုယ့်ရဲ့စီမံကိန်းတွေကိုပြုပြင်ပြေင်းလဲနိုင်တဲ့ အခြေအနေဖြစ်ဖို့ အရေးကြီးတယ်လို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

15978676_1050643401729340_71746487_n

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်အစည်းအဝေး ခမ်းမမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင်(၁/၂၀၁၇) အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

အမျိုးသားစီးမံကိန်းတွေဟာ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ရေရှည်၊ရေတို အကျိုးအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် အကောင်အထည်
ဖော်နိုင်တဲ့ စီမံကိန်းတွေဖြစ်ဖို့လိုအပ်ပြီး စီမံကိန်းရေးဆွဲရာမှာ မှန်ကန်မှု၊ တိကျမှုရှိရမှာဖြစ်ပြီး ပြုလွယ်ပြောင်းလွယ်နိုင်တဲ့ အနေအထားလိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)