မောင်တောမှာ ကျပ် ၅၀ ဘီလျံဖိုးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၅ သိန်း ဖမ်းမိ

0
319

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ငွေကျပ် ၅၀ ဘီလျံ (သိန်းပေါင်း ငါးသောင်း)တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၂၅ သိန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

maungdaw

အဲဒီစိတ်ကြွးဆေးပြားတွေကို ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီက တပ်မတော်ရေယာဉ်တွေက နတ်မြစ်အတွင်း ကင်းလှည့်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

မသင်္ကာဖွယ်လှေတစ်စီးကို လုံခြုံရေးကင်းလှည့်ရာကနေ မီးအချက်ပြပြီးခေါ်ပေမဲ့ ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့တ ဖြစ်ပါတယ်။ လှေပေါ်မှာ လူသုံးဦးစီးနင်းလိုက်ပါပြီး တစ်လုံးထိုး လုပ်သေနတ် အတို ၁ လက်၊ ၅ ဒသမ ၅၆ မမ ကျည် ၄၂ တောင့်၊ ၁၂ ဗို့ကျည် ၈ တောင့်၊ ပီနံအိတ်နဲ့ထားထားတဲ့ စိတ်ကြွဆေးပြား ၂၅ သိန်းကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)