The Independent – Singapore က ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအမှားကို ဥပဒေအရ တုံ့ပြန်မယ်

0
297

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို မဟုတ်မမှန်ဖြည့်စွက်ရေးသားဖော်ပြတဲ့ ဗီဒီယိုဖိုင်ကို ကိုးကားပြီး The Independent – Singapore သတင်းဝက်ဘ်ဆိုက်မှာ သတင်းမှားဖော်ပြခဲ့တဲ့အတွက် ထိုက်သင့်သလို တုံ့ပြန်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

independent-sg

The Independent – Singapore ရဲ့ www.theindependent.sg မှာ ဒီဇင်ဘာ ၅ ရက်နေ့က “ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက်ရှိနေချိန်မှာ ဘင်္ဂါလီအရေးကို ပျက်ရယ်ပြုတယ်”လို့ ခေါင်းစဉ်တပ်ထားတဲ့ YouTube ပေါ်က ဗီဒီယိုဖိုင်တစ်ခုကို ကိုးကားပြီး သတင်း ဖော်ပြခဲ့ပါတယ်။ အဲဒီ

နိုင်ငံတော်အတိုင်ပင်ခံရုံးက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး သတင်းအမှားတစ်ပုဒ် ဖော်ပြခဲ့တဲ့အတွက် အစိုးရအနေနဲ့ တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီဗီဒီယိုဖိုင်မှာ စာတန်းထိုးတဲ့ အင်္ဂလိပ်စာသားတွေဟာ မူရင်းမြန်မာလို ပြောရာမှာ မပါတဲ့ အကြောင်းအရာတွေဖြစ်နေပြီး မခိုင်လုံတဲ့သတင်းရင်းမြစ်ကို www.theindependent.sg က ဖော်ပြခဲ့တဲ့အပြင် သတင်းအမှားအတွက် ပြင်ဆင်ဖော်ပြတာမျိုးမရှိတဲ့အတွက် အစိုးရအနေနဲ့ ဥပဒေကြောင်းအရ၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ လေ့လာနေပြီး ထိုက်သင့်သလို တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)