လွှတ်တော်ကိုယ်စားလှယ်တွေ လူကြီးလူကောင်း ပီပီသသနေဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

0
350

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က သူ မပြောခဲ့တဲ့ စကားကို ပြောတယ်လုပ်ပြီး သူပြောတဲ့စကားကို ထိမ်ချန်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ လူကြီးလူကောင်းပီပီနေဖို့ ဒီဇင်ဘာ ၈ ရက်မှာ သတိပေးခဲ့ပါတယ်။

mahnwinkhaingthan

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)က ဦးကျော်ကျော်ဝင်း အရေးကြီးအဆိုတင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဲဒီလို သတိပေးခဲ့တာပါ။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)က ဦးကျော်ကျော်ဝင်းဟာ မောင်တောခရိုင်အတွင်းက တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက်အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေးအဆင်ပြေစွာ ဘဝလုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးရန် အဆိုကို နိုဝင်ဘာ ၂၁ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပေမဲ့ ဥက္ကဋ္ဌက အဆိုဆိုင်ရာ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆွေးနွေးခွင့်မပြုခဲ့ပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်ကျော်ဝင်းက မီဒီယာတွေကို ပြောကြားရာမှာ ဥပဒေနဲ့မညီလို့ အဆိုတင်သွင်းခွင့်မရတာဆိုတဲ့အကြောင်းကို ထည့်မပြောဘဲ မေးခွန်းအဖြစ် ပြောင်းလဲမေးဖို့ပြောတယ်လို့ပဲ ဖြေခဲ့တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လူကြီးလူကောင်း မဆန်တာမျိုးမလုပ်ကြဘဲ လူကြီးလူကောင်းဆန်ဆန် နေကြဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)