ပလက်ဖောင်းပေါ်ဈေးပြန်ရောင်းခွင့်ရဖို့ မြို့နယ်လေးခုက ဈေးသည်တွေ ဆန္ဒပြ

0
286

ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်က ညဈေးတန်းမှာပဲ ဈေးရောင်းဖို့ နေရာရွှေ့ခံရတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနဲ့ ကျောက်တတာံးမြို့နယ် လေးခုက ဈေးသည်တွေဟာ မူလပလက်ဖောင်းတွေပေါ်မှာပဲ ပြန်ရောင်းချခွင့်ရဖို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

hawker2

လမ်းဘေးဈေးသည်တွေဟာ ဒီကနေ့ နေ့လယ် ၁၁ နာရီမှာ မော်တင်ခုံးတံတားကနေ မြို့တော်ခန်းမထိ ချီတက်ခဲ့ကြပြီး မွန်းလွဲပိုင်းမှာလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

hawker

ဆန္ဒပြပွဲမှာ ဈေးသည်အင်အား ၁၀၀ ဝန်းကျင်ပါဝင်ခဲ့ပြီး မူလပလက်ဖောင်းနေရာတွေမှာ ပြန်လည်ရောင်းချခွင့်ပြုပေးဖို့၊ ညဈေးတန်းခြစားမှု ပြန်လည်စိစစ်ပေးဖို့၊ မူလနေရာတွေမှာ စည်းကမ်းတကျရောင်းနိုင်ရန် ဆောင်ရွက်ပေးဖို့နဲ့ ဈေးသည်တွေရဲ့ ပစ္စည်းတွေကို သိမ်းဆည်းတာမျိုး မလုပ်ဖို့ စတဲ့ အချက်လေးချက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)