ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် ဝင်ဖြေရှင်းပေးဖို့ ဗီဂျေနမ်ဘီးယား တောင်းဆို

0
322

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

un

နယူးယော့ခ်မြို့မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ကြေညာတဲ့ထုတ်ပြန်ချက်ထဲမှာ ဗီဂျေနမ်ဘီးယားက ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်က ဘူးသီးတောင်နဲ့ မောင်တောဒေသတွေို့ သွားရောက်ဖို့ တိုက်တွန်းခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်မှာ နယ်မြေရှင်းလင်းရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးတွေ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုကမှုနဲ့ စပ်ဆက်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အရေးမှာ အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံက စွပ်စွဲဝေဖန်တာတွေ ရှိခဲ့သလို မလေးရှားဝန်ကြီးချုပ်ကလည်း ပြင်းထန်တဲ့စကားလုံးတွေနဲ့ စွပ်စွဲတာတွေရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)