မြန်မာ့ပယင်းကျောက်ထဲမှာ ဒိုင်နိုဆောအမြီးတစ်ခု တွေ့ရှိကြောင်း လေ့လာရေးအဖွဲ့တစ်ဖွဲ့ ပြောကြား

0
305

မြန်မာနိုင်ငံကထွက်တဲ့ ပယင်းကျောက်တစ်ခုရဲ့ ကိုယ်ထည်အတွင်းမှာ သက်တမ်း နှစ် ၉၉ သန်း ရှိတဲ့ ဒိုင်နိုဆောအမြီးအပိုင်းအစတစ်ခုတွေ့ရှိတယ်လို့ National Geographic သတင်းဌာနက ဖော်ပြထားပါတယ်။

myanmar

အဲဒီသတင်းကို Current Biology သတင်းဌာနရဲ့ ဒီဇင်ဘာ ၉ ရက်နေ့ သတင်းမှာ ပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်ဘက်က ပယင်းတစ်လုံးလို့ ဆိုပါတယ်။ ဒိုင်နိုဆောအမြီးကို တွေ့ရှိခဲ့တာကတော့ တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ်က သတ္တဝါနဲ့ သစ်ပင် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် လီဒါရှင်ဦးဆောင်တဲ့ အဖွဲ့က တွေ့ရှိခဲ့တာပါ။

myanmar2

အဲဒီ ဒိုင်နိုဆောအမြီးဟာ အရိုးနဲ့ တစ်ရှူးသားတွေအပြင် အမွှေးအမှင်တွေပါ ပါရှိတဲ့အပြင် ပယင်းအသားထဲ ရောက်နေတာကြောင့် တခြားကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့မတူဘဲ 3 D အမြင်မျိုးနဲ့ ထိန်းသိမ်းထားတဲ့ သဘော ဖြစ်နေတာပြီး ကျောက်ဖြစ်လေ့လာရေးအတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။

myanmar3

Denver သဘာဝနှင့်သိပ္ပံ ပြတိုက်က ဒိုင်နိုဆောရေးရာ ကျွမ်းကျင်သူတစ်ဦးကတော့ ဒီအမြီးဟာ ဘယ်လို ဒိုင်နိုဆောမျိုးစိတ်ရဲ့ အမြီးဖြစ်သလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ National Geographic ရဲ့ သုတေသနအဖွဲ့ကတော့ အမြီးရဲ့တည်ဆောက်ပုံအရ coelurosaur မျိုးနွယ် အငယ်စား တစ်ကောင်ရဲ့ အမြီးဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)