အပစ်ရပ် လုပ်ငန်းစဉ်အတွက် တရုတ်က မြန်မာကို ဒေါ်လာ ၃ သိန်း ထောက်ပံ့

0
86

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခပ် ရပ်စဲရေး စောင့်ကြည့်လုပ်ငန်းစဉ်မှာ သုံးစွဲဖို့ အတွက် တရုတ်အစိုးရက မြန်မာကို အမေရိကန်ဒေါ်လာ ၃ သိန်း ထောက်ပံ့လိုက်ပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက နိုဝင်ဘာလ ၈ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံစဉ် အခုလို ထောက်ပံ့ခဲ့တာပါ။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်က တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ ကော်မတီရဲ့ လုပ်ငန်းတွေမှာ သင့်တင့်လျောက်ပတ်စွာ သုံးစွဲမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မစ္စတာ စွန်းဂေါ်ရှန်း နေပြည်တော်ကို ရောက်ရှိစဉ်ကလည်း JMC-U အတွက် အမေရိကန် ဒေါ်လာ ၅ သိန်း ထောက်ပံ့ခဲ့ဖူးပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)