စားေသာက္ကုန္ ေဘးကင္းလံုၿခံဳမႈေတြ လုပ္ေဆာင္ႏုိင္တဲ့ ကၽြမ္းက်င္ပညာရွင္ေတြ လိုအပ္

0
950

စားေသာက္ကုန္ထုတ္လုပ္တ့ဲ လုပ္ငန္းနယ္ပယ္မွာ အစားအေသာက္လုံၿခံဳစိတ္ရမႈနဲ႕ ပတ္သက္ျပီး ကၽြမ္းက်င္ပညာရွင္ေတြ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က တင္ဆက္ေပးထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈေတြနဲ႕ အလုပ္အကိုင္ေတြ အခြင့္အလမ္းေတြ မ်ားျပားလာဖို႔အတြက္ လယ္ယာသားငါးက႑နဲ႕ စားေသာက္ကုန္က႑ေတြ ႏိုင္ငံတကာေစ်းကြက္ထိုးေဖာက္တ့ဲေနရာမွာ လိုအပ္တ့ဲ စားေသာက္ကုန္ေဘးကင္းလုံၿခံဳမႈေတြ လုပ္ေဆာင္ႏိုင္တ့ဲ ကၽြမ္းက်င္ပညာရွင္ေတြ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

ႏို၀င္ဘာလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဴပ္႐ုံး(UMFCCI)မွာ ႏိုင္ငံေတာ္အဆင့္ စားေသာက္ကုန္ေဘးကင္းလုံၿခံဳေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို က်င္းပခ့ဲတာပါ။

Soundbite – ဦးေမာင္ေမာင္ (အတြင္းေရးမွဴး)
ျမန္မာႏိုင္ငံစားသုံးသူမ်ားသမဂၢ

ဒါ့အျပင္ ျပည္တြင္းမွာ စားေသာက္ကုန္နဲ႔ဆိုင္တ့ဲ ကုန္ထုတ္လုပ္စက္႐ုံနဲ႔ အလုပ္႐ုံ ၃ ေသာင္း၀န္းက်င္ေလာက္ရွိၿပီး ျမန္မာႏိုင္ငံဟာ စားေသာက္ကုန္ကုိ အေျခခံတ့ဲ ကုန္ၾကမ္းေတြ ထြက္ရွိတ့ဲႏုိင္ငံျဖစ္တာေၾကာင့္ စားေသာက္ကုန္ေဘးကင္လုံျခံဳေရးနဲ႔ဆိုင္တ့ဲ လူစြမ္းအားအရင္းအျမစ္တစ္ရပ္ လိုအပ္တယ္လို႔ ျမန္မာႏုိင္ငံစားေသာက္ကုန္ ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းက ေျပာပါတယ္။

Soundbite – ဦးစိန္ေသာင္းဦး (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံစားေသာက္ကုန္ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံစားေသာက္ကုန္ ေဘးကင္းလုံျခံဳေရး စိတ္ခ်ေရးအတြက္ စိုက္ပ်ိဳးေရး၀န္ႀကီးဌာနက ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္မွာ အစားအေသာက္ေဘးကင္းလုံၿခံဳမႈဆိုင္ရာ ဘြဲ႕ႀကိဳတန္း ဘာသာရပ္ႏွစ္ခု ဖြင့္လွစ္သင္ၾကားေပးေနၿပီး ရန္ကုန္နည္းပညာတကၠသိုလ္မွာေတာ့ အစားေသာက္ဆိုင္ရာ ဒီပလိုမာတန္းနဲ႔ မဟာတန္းေတြ ဖြင့္လွစ္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ အစားအသောက်လုံခြုံစိတ်ရမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ များပြားလာဖို့အတွက် လယ်ယာသားငါးကဏ္ဍနဲ့ စားသောက်ကုန်ကဏ္ဍတွေ နိုင်ငံတကာဈေးကွက်ထိုးဖောက်တဲ့နေရာမှာ လိုအပ်တဲ့ စားသောက်ကုန်ဘေးကင်းလုံခြုံမှုတွေ လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ်ရုံး(UMFCCI)မှာ နိုင်ငံတော်အဆင့် စားသောက်ကုန်ဘေးကင်းလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

Soundbite – ဦးမောင်မောင် (အတွင်းရေးမှူး)
မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ

ဒါ့အပြင် ပြည်တွင်းမှာ စားသောက်ကုန်နဲ့ဆိုင်တဲ့ ကုန်ထုတ်လုပ်စက်ရုံနဲ့ အလုပ်ရုံ ၃ သောင်းဝန်းကျင်လောက်ရှိပြီး မြန်မာနိုင်ငံဟာ စားသောက်ကုန်ကို အခြေခံတဲ့ ကုန်ကြမ်းတွေ ထွက်ရှိတဲ့နိုင်ငံဖြစ်တာကြောင့် စားသောက်ကုန်ဘေးကင်လုံခြုံရေးနဲ့ဆိုင်တဲ့ လူစွမ်းအားအရင်းအမြစ်တစ်ရပ် လိုအပ်တယ်လို့ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ပြောပါတယ်။

Soundbite – ဦးစိန်သောင်းဦး (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း

လက်ရှိမှာတော့ မြန်မာနိုင်ငံစားသောက်ကုန် ဘေးကင်းလုံခြုံရေး စိတ်ချရေးအတွက် စိုက်ပျိုးရေးဝန်ကြီးဌာနက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ ဘွဲ့ကြိုတန်း ဘာသာရပ်နှစ်ခု ဖွင့်လှစ်သင်ကြားပေးနေပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှာတော့ အစားသောက်ဆိုင်ရာ ဒီပလိုမာတန်းနဲ့ မဟာတန်းတွေ ဖွင့်လှစ်ထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)