ေအာင္ျမင္ေက်ာ္ၾကား စီးပြားနဲ႔ လူမႈထူးခြၽန္ ေက်ာင္းသားဆုကို ေဒၚနန္းလိုင္းခမ္း ရရွိ

0
709

စင္ကာပူႏိုင္ငံ စင္ကာပူအမ်ဳိးသားတကၠသိုလ္ (National University of Singapore) ကေန အမ်ားျပည္သူဆိုင္ရာႏွင့္ ပုဂၢလိက က႑နယ္ပယ္ အသီးသီးရွိ စီးပြားေရး၊ စီမံခန္႔ခြဲမႈႏွင့္ လူမႈေရးပရဟိတ အရည္အေသြးေတြကို ေအာင္ျမင္စြာ စြမ္းေဆာင္ျပသႏိုင္ခဲ့တဲ့ ထူးခြၽန္ေက်ာင္းသားေတြကုိ ဂုဏ္ျပဳဆု ခ်ီးျမႇင့္ပြဲကို က်င္းပခဲ့ပါတယ္။

ႏုိ၀င္ဘာလ ၇ ရက္ေန႔က စင္ကာပူႏိုင္ငံ Conrad Centennial Singapore မွာ ျမန္မာႏိုင္ငံက ကေမၻာဇဘဏ္ ဒုတိယအမႈေဆာင္ အရာရွိခ်ဳပ္ ေဒၚနန္းလိုင္းခမ္းကုိ ”ေအာင္ျမင္ေက်ာ္ၾကား “စီးပြားႏွင့္လူမႈ ထူးခြၽန္ ေက်ာင္းသားဆု””(Eminent Business Alumni Award 2018) ေရြးခ်ယ္ခ်ီးျမႇင့္ျခင္းခံခဲ့ရတာျဖစ္ပါတယ္ ။

ဆုခ်ီးျမႇင့္ပြဲကို အသက္(၄ဝႏွစ္)အထက္Senior Alumni Awards ဆုရရွိသူ ေျခာက္ဦးနဲ႔ အသက္ (၄ဝ ႏွစ္)ေအာက္ Young Alumni Awardsရရွိသူ ေလးဦးတို႔ကုိ ဆုေတြေပးအပ္ ခ်ီးျမႇင့္ခဲ့ၿပီး အသက္ (၄ဝႏွစ္) ေအာက္မွာ ျမန္မာႏိုင္ငံက ေဒၚနန္းလိုင္းခမ္း၊ အသက္ (၄ဝ)နဲ႔ အထက္မွာ Bank of Singapore ရဲ႕ CEO Mr. Bahren Shaari အပါအဝင္ စုစုေပါင္း ၁ဝ ဦးကို ဂုဏ္ျပဳေတြ ေပးအပ္ခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောင်မြင်ကျော်ကြား စီးပွားနဲ့ လူမှုထူးချွန်ကျောင်းသားဆုကို ဒေါ်နန်းလိုင်းခမ်း ရရှိ

စင်ကာပူနိုင်ငံ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) ကနေ အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိက ကဏ္ဍနယ်ပယ် အသီးသီးရှိ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေးပရဟိတ အရည်အသွေးတွေကို အောင်မြင်စွာ စွမ်းဆောင်ပြသနိုင်ခဲ့တဲ့ ထူးချွန်ကျောင်းသားတွေကို ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ကျင်းပခဲ့ပါတယ် ။

နိုဝင်ဘာလ ၇ ရက်နေ့က စင်ကာပူနိုင်ငံ Conrad Centennial Singapore မှာ မြန်မာနိုင်ငံက ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းကို ”အောင်မြင်ကျော်ကြား “စီးပွားနှင့်လူမှု ထူးချွန် ကျောင်းသားဆု””(Eminent Business Alumni Award 2018) ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ် ။

ဆုချီးမြှင့်ပွဲကို အသက်(၄ဝနှစ်)အထက်Senior Alumni Awards ဆုရရှိသူ ခြောက်ဦးနဲ့ အသက် (၄ဝ နှစ်)အောက် Young Alumni Awardsရရှိသူ လေးဦးတို့ကို ဆုတွေပေးအပ် ချီးမြှင့်ခဲ့ပြီး အသက် (၄ဝနှစ်) အောက်မှာ မြန်မာနိုင်ငံက ဒေါ်နန်းလိုင်းခမ်း၊ အသက် (၄ဝ)နဲ့ အထက်မှာ Bank of Singapore ရဲ့ CEO Mr. Bahren Shaari အပါအဝင် စုစုပေါင်း ၁ဝ ဦးကို ဂုဏ်ပြုတွေ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)