(၁၉)ႀကိမ္ေျမာက္ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲကို ၿမိဳ႕ႀကီး ရွစ္ၿမိဳ႕မွာ ျပဳလုပ္မယ္

0
643

(၁၉) ႀကိမ္ေျမာက္ အာဆီယံတကၠသုိလ္မ်ား အားကစားၿပိဳင္ပြဲအတြက္ လူငယ္ေတြဦးေဆာင္ျပီး တကၠသိုလ္ေတြရွိတဲ့ ၿမိဳ႕ႀကီးရွစ္ၿမိဳ႕မွာ အဖြဲ႕လုိက္ သီဆုိေဖ်ာ္ေျဖမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိး ကေပးပုိ႔ ထားပါတယ္။

လာမယ္႔ဒီဇင္ဘာလမွာ ျပဳလုပ္ေတာ့မယ့္ ၁၉ႀကိမ္ေျမာက္အာဆီယံတကၠသုိလ္မ်ား အားကစားျပဳိင္ပြဲအတြက္ လူငယ္ေတြဦးေဆာင္ျပီး ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ အပါအ၀င္ တကၠသုိလ္ရွိတဲ႔ႀကီး၈ျမဳိ႕မွာ အဖြဲ႕လုိက္ သီဆုိေဖ်ာ္ေျဖမႈေတြကို နုိ၀င္ဘာလ ဒုတိယပတ္ ကေန ေနာက္ဆုံးပတ္အထိျပဳလုပ္သြားမွာျဖစ္ၿပီး အဲ့ဒီ လႈပ္ေဆာ္မႈေတြမွာ ေတးသံရွင္ေတြ အပါအ၀င္ အႏုပညာရွင္ေတြ၊ အားကစားသမားေတြလည္းပါ၀င္ မွာျဖစ္ပါတယ္။

Soundbite ေတးသံရွင္မုိးမုိး

ဒါ့အျပင္ အားကစားစိတ္ဓါတ္ကေနတဆင္႔ ထူခြ်န္တဲ့လူငယ္ေတြျဖစ္ဖုိ႔ လူငယ္ေတြရဲ႔ စိတ္ဓါတ္ေတြကုိျမွင္႔တင္ေပးမယ္႔ သီခ်င္းေတြကို သီဆိုေဖ်ာ္ေျဖသြားမွာျဖစ္တယ္လို႔ ၁၉ႀကိမ္ေျမာက္အာဆီယံ တကၠသုိလ္မ်ား အားကစားျပဳိင္ပြဲက သတင္းျပန္ၾကားေရးတာ၀န္ခံကေျပာပါတယ္။

Soundbite ကုိခ်မ္းေျမ႕(သတင္းျပန္ၾကားေရးတာ၀န္ခံ)
၁၉ ႀကိမ္ေျမာက္အာဆီယံတကၠသုိလ္မ်ားအားကစားျပဳိင္ပြဲ

၁၉ႀကိမ္ေျမာက္အာဆီယံ တကၠသုိလ္မ်ားအားကစားျပဳိင္ပြဲကုိ ေနျပည္ေတာ္မွာ ဒီဇင္ဘာလ ၉ ရက္ေန႕ေန ၁၉ ရက္ေန႔အထိ ၁၀ ရက္ၾကာ ျပဳလုပ္သြားမွာျဖစ္ၿပီး အာဆီယံ၁၁နုိင္ငံမွာရွိတဲ့ တကၠသုိလ္ ေက်ာင္းသူ၊ေက်ာင္းသား အားကစားသမားေတြက ပါ၀င္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် လူငယ်တွေဦးဆောင်ပြီး တက္ကသိုလ်တွေရှိတဲ့ မြို့ကြီးရှစ်မြို့မှာ အဖွဲ့လိုက် သီဆိုဖျော်ဖြေမှုတွေပြုလုပ်သွား မှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုး ကပေးပို့ ထားပါတယ်။

လာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်တော့မယ့် ၁၉ကြိမ်မြောက်အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် လူငယ်တွေဦးဆောင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တက္ကသိုလ်ရှိတဲ့ကြီး၈မြို့မှာ အဖွဲ့လိုက် သီဆိုဖျော်ဖြေမှုတွေကို နိုဝင်ဘာလ ဒုတိယပတ် ကနေ နောက်ဆုံးပတ်အထိပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီ လှုပ်ဆော်မှုတွေမှာ တေးသံရှင်တွေ အပါအဝင် အနုပညာရှင်တွေ၊ အားကစားသမားတွေလည်းပါဝင် မှာဖြစ်ပါတယ်။

Soundbite တေးသံရှင်မိုးမိုး

ဒါ့အပြင် အားကစားစိတ်ဓါတ်ကနေတဆင့် ထူချွန်တဲ့လူငယ်တွေဖြစ်ဖို့ လူငယ်တွေရဲ့ စိတ်ဓါတ်တွေကိုမြှင့်တင်ပေးမယ့် သီချင်းတွေကို သီဆိုဖျော်ဖြေသွားမှာဖြစ်တယ်လို့ ၁၉ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲက သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

Soundbite ကိုချမ်းမြေ့(သတင်းပြန်ကြားရေးတာဝန်ခံ)
၁၉ ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ

၁၉ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲကို နေပြည်တော်မှာ ဒီဇင်ဘာလ ၉ ရက်နေ့နေ ၁၉ ရက်နေ့အထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး အာဆီယံ၁၁နိုင်ငံမှာရှိတဲ့ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသား အားကစားသမားတွေက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)