ေဒၚေအာင္ဆန္းစုၾကည္ ဗီယက္နမ္ကို ေရာက္ရွိ

0
327

ဗီယက္နမ္ သမၼတ မစၥတာ ထရမ္ဒိုင္ကြမ္ရဲ႕ ဖိတ္ၾကားခ်က္အရ ဒါနန္းၿမိဳ႕မွာ က်င္းပမယ့္ အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ (ေအပက္) အဖြဲ႔ဝင္ ႏိုင္ငံေခါင္းေဆာင္ေတြ သီးသန္႔ ေတြ႔ဆံုပြဲကို တက္ဖို႔ ဗီယက္နမ္ႏိုင္ငံကို ေဒၚေအာင္ဆန္းစုၾကည္ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အဖြဲ႔ဟာ ဒီေန႔ ႏိုဝင္ဘာ ၉ ရက္ေန႔ မနက္ပိုင္းမွာ ေနျပည္ေတာ္ကေန ထြက္ခြာၿပီး ဒါနန္းၿမိဳ႕ကို ေရာက္ရွိပါတယ္။

ေအပက္ အစည္းအေဝးၿပီးရင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖိလစ္ပိုင္ သမၼတ မစၥတာ ႐ိုဒရီဂို ဒူတာေတးရဲ႕ ဖိတ္ၾကားခ်က္အရ မနီလာၿမိဳ႕မွာ က်င္းပတဲ့ ၃၁ ႀကိမ္ေျမာက္ အာဆီယံထိပ္သီး အစည္းအေဝးကို ဆက္လက္ တက္ေရာက္မွာ ျဖစ္ပါတယ္။
…………………. ။ ။ ……………………..

ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ကို ရောက်ရှိ

ဗီယက်နမ် သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်ရဲ့ ဖိတ်ကြားချက်အရ ဒါနန်းမြို့မှာ ကျင်းပမယ့် အာဆီယံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံပွဲကို တက်ဖို့ ဗီယက်နမ်နိုင်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ကနေ ထွက်ခွာပြီး ဒါနန်းမြို့ကို ရောက်ရှိပါတယ်။

အေပက် အစည်းအဝေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင် သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ မနီလာမြို့မှာ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဆက်လက် တက်ရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)