အျပစ္က်ဴးလြန္ေနတာက ႏွစ္ဖက္စလံုးပဲလို႔ ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး အစၥေရး ေျပာ

0
317

ရခိုင္ ပဋိပကၡနဲ႔ စပ္လ်ဥ္းၿပီး ျမန္မာႏိုင္ငံကို လက္နက္မေရာင္းဖို႔ ႏိုင္ငံတကာက ေျပာဆိုေနတာနဲ႔ ပတ္သက္လို႔ အျပစ္လုပ္ေနတာကေတာ့ ႏွစ္ဖက္စလံုးပဲ ျဖစ္တယ္လို႔ အစၥေရးက တံု႔ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံကို လက္နက္ မေရာင္းဖို႔ မၾကာေသးခင္က အေမရိကန္ ရက္ဘီကစားသမား ေျခာက္ဦးက အစၥေရးကို ေတာင္းဆိုခဲ့ပါတယ္။ ပဋိပကၡအတြင္းမွာ အျပစ္ကို က်ဴးလြန္တာကေတာ့ ႏွစ္ဖက္စလံုးပဲ ျဖစ္တယ္လို႔ အေမရိကန္၊ နယူးေယာက္က ဒု ေကာင္စစ္ဝန္ခ်ဳပ္ ေအမီယာ ဆာဂီက ေျပာပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ မြတ္စလင္ေတြကို မ်ိဳးတံုးသတ္ျဖတ္ေနတယ္ဆိုတဲ့ ကုလသမဂၢရဲ႕ အသံုးအႏႈန္းနဲ႔ ပတ္သက္လို႔လည္း အခု လက္ရွိ ျပႆနာဟာ မြတ္စလင္ေတြက စၿပီး တိုက္ခိုက္လို႔ ျဖစ္ရတဲ့ ျပႆနာလို႔ ဆာဂီက တံု႔ျပန္လိုက္ပါတယ္။ အစၥေရးဟာ ျမန္မာ့ျပည္တြင္းေရးမွာ မစြက္ဖက္ေရးမူကို လက္ကိုင္ထားတယ္လို႔လည္း သူက ေျပာဆိုလိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပြစ်ကျူးလွန်နေတာက နှစ်ဖက်စလုံးပဲလို့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစ္စရေး ပြော

ရခိုင် ပဋိပက္ခနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ နိုင်ငံတကာက ပြောဆိုနေတာနဲ့ ပတ်သက်လို့ အပြစ်လုပ်နေတာကတော့ နှစ်ဖက်စလုံးပဲ ဖြစ်တယ်လို့ အစ္စရေးက တုံ့ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံကို လက်နက် မရောင်းဖို့ မကြာသေးခင်က အမေရိကန် ရက်ဘီကစားသမား ခြောက်ဦးက အစ္စရေးကို တောင်းဆိုခဲ့ပါတယ်။ ပဋိပက္ခအတွင်းမှာ အပြစ်ကို ကျူးလွန်တာကတော့ နှစ်ဖက်စလုံးပဲ ဖြစ်တယ်လို့ အမေရိကန်၊ နယူးယောက်က ဒု ကောင်စစ်ဝန်ချုပ် အေမီယာ ဆာဂီက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်တွေကို မျိုးတုံးသတ်ဖြတ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း အခု လက်ရှိ ပြဿနာဟာ မွတ်စလင်တွေက စပြီး တိုက်ခိုက်လို့ ဖြစ်ရတဲ့ ပြဿနာလို့ ဆာဂီက တုံ့ပြန်လိုက်ပါတယ်။ အစ္စရေးဟာ မြန်မာ့ပြည်တွင်းရေးမှာ မစွက်ဖက်ရေးမူကို လက်ကိုင်ထားတယ်လို့လည်း သူက ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)