သတ္ေသဖို႔ ႀကိဳးပမ္းတဲ့ ဒု ရဲအုပ္ ေဆး႐ံုအေရာက္မွာ ေသဆံုး

0
405

ပဲခူးတိုင္း၊ ေက်ာက္တံခါး ရဲစခန္းက နယ္ထိန္းေခါင္းေဆာင္ ဒု ရဲအုပ္တစ္ဦး ေသနတ္နဲ႔ ပစ္ၿပီး ကိုယ့္ကိုယ္ကို သတ္ေသဖို႔ ႀကိဳးပမ္းခဲ့ကာ ေဆး႐ံုအေရာက္မွာ ေသဆံုးသြားပါတယ္။

နယ္ထိန္းေခါင္းေဆာင္ ဒု ရဲအုပ္ ရန္မ်ိဳးေအာင္ဟာ ႏိုဝင္ဘာ ၈ ရက္ေန႔ည ၁၀ နာရီခန္႔မွာ စခန္းဝင္းအတြင္းရွိ လူပ်ိဳေဆာင္မွာ နားထင္ကို ေသနတ္နဲ႔ ပစ္ၿပီး သတ္ေသဖို႔ ႀကိဳးပမ္းတာ ျဖစ္ပါတယ္။

ေသနတ္သံၾကားလို႔ သြားေရာက္ၾကည့္႐ႈခဲ့ၾကၿပီး ေက်ာက္တံခါးၿမိဳ႕နယ္ ေဆး႐ံုကို တင္ခဲ့ၾကပါတယ္။ အဲဒီကတဆင့္ ရန္ကုန္ ဦးေႏွာက္အာ႐ုံေၾကာအေရးေပၚဌာနကို တင္ခဲ့ေပမယ့္ ႏိုဝင္ဘာ ၉ ရက္ေန႔ ေန႔လည္မွာ ေသဆံုးသြားတာ ျဖစ္ပါတယ္။

တာဝန္ပိုင္းအရ စိတ္႐ႈပ္စရာ မရွိောကာင္း၊ အေနလည္း ေအးေဆးေၾကာင္းနဲ႔ လူခ်စ္လူခင္ မ်ားသူျဖစ္တဲ့အတြက္ အခုလိုလုပ္သြားတာကို အံ့ၾသတယ္လို႔ အမည္မေဖာ္လိုသူတစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတ်သေဖို့ ကြိုးပမ်းတဲ့ ဒု ရဲအုပ် ဆေးရုံအရောက်မှာ သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါး ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ်တစ်ဦး သေနတ်နဲ့ ပစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ကာ ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။

နယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ် ရန်မျိုးအောင်ဟာ နိုဝင်ဘာ ၈ ရက်နေ့ည ၁၀ နာရီခန့်မှာ စခန်းဝင်းအတွင်းရှိ လူပျိုဆောင်မှာ နားထင်ကို သေနတ်နဲ့ ပစ်ပြီး သတ်သေဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ သေနတ်သံကြားလို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ကျောက်တံခါးမြို့နယ် ဆေးရုံကို တင်ခဲ့ကြပါတယ်။ အဲဒီကတဆင့် ရန်ကုန် ဦးနှောက်အာရုံကြောအရေးပေါ်ဌာနကို တင်ခဲ့ပေမယ့် နိုဝင်ဘာ ၉ ရက်နေ့ နေ့လည်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

တာဝန်ပိုင်းအရ စိတ်ရှုပ်စရာ မရှောိကာင်း၊ အနေလည်း အေးဆေးကြောင်းနဲ့ လူချစ်လူခင် များသူဖြစ်တဲ့အတွက် အခုလိုလုပ်သွားတာကို အံ့သြတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)