ခြန္တန္ကို သာသနာေတာ္ ညိႇဳးႏြမ္းေစမႈနဲ႔ အေရးယူဖို႔ လုပ္ေဆာင္ေန

0
412


ခြန္တန္ (ခ) ဇာတ္လိုက္ကို ဗုဒၶသာသနာေတာ္ ညွိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅ (က) နဲ႔ ထိေရာက္စြာ အေရးယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။

ပုဒ္မ ၂၉၅ (က) နဲ႔ ေထာင္ဒဏ္ သံုးႏွစ္ေလာက္ က်ႏိုင္တယ္လို႔ သူရဦးေအာင္ကိုက မီဒီယာေတြကို ေျပာပါတယ္။ သမီးျဖစ္သူတစ္ဦးရဲ႕ ဖခင္ကလည္း မြန္ျပည္အစိုးရကို တိုင္ၾကားထားေပမယ့္ မိခင္နဲ႔ သမီးျဖစ္သူက ကန္႔ကြက္မႈလည္း ရွိေနပါတယ္။

အလံတရာနယ္ေျမမွာ ေဂါပကအသစ္ ျပန္ဖြဲ႔ဖို႔ မြန္ျပည္နယ္ အစိုးရနဲ႔ ညွိႏိႈင္းေျပာဆိုထားေၾကာင္း၊ ခြန္တန္ကိစၥကိုလည္း အရင္ရွင္းမွာျဖစ္ေၾကာင္း ဝန္ႀကီး သူရဦးေအာင္ကိုက ေျပာပါတယ္။ လတ္တေလာမွာေတာ့ ခြန္တန္ဟာ ထြက္ေျပးတိမ္းေရွာင္ေနပါတယ္။
…………………… ။ ။ ……………………….

ခွန်တန်ကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ လုပ်ဆောင်နေ

ခွန်တန် (ခ) ဇာတ်လိုက်ကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ ထိရောက်စွာ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

ပုဒ်မ ၂၉၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ်လောက် ကျနိုင်တယ်လို့ သူရဦးအောင်ကိုက မီဒီယာတွေကို ပြောပါတယ်။ သမီးဖြစ်သူတစ်ဦးရဲ့ ဖခင်ကလည်း မွန်ပြည်အစိုးရကို တိုင်ကြားထားပေမယ့် မိခင်နဲ့ သမီးဖြစ်သူက ကန့်ကွက်မှုလည်း ရှိနေပါတယ်။

အလံတရာနယ်မြေမှာ ဂေါပကအသစ် ပြန်ဖွဲ့ဖို့ မွန်ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းပြောဆိုထားကြောင်း၊ ခွန်တန်ကိစ္စကိုလည်း အရင်ရှင်းမှာဖြစ်ကြောင်း ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ လတ်တလောမှာတော့ ခွန်တန်ဟာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)